အပိုင်း ၁

15.2K 6 1
                                        

"ဖြိူး စားလေ... ရော့" စားပွဲပေါ် ရှိ ပန်းကန်ထဲက ဘူးသီးကျော်တစ်ခုကို ကောက်ယူပြီး ဖြိုးဆိုတဲ့ ချစ်သူလေးကို ဖိုးကျော်က ခွံ့ကြွေးလိုက်သည်။ ဖြိုးကို ဖိုးကျော် မြတ်မြတ်နိုးနိုးကို ချစ်ရှာသည်။ ချစ်သူသက်တမ်း(၂)နှစ် အတွင်းမှာ လက်ကိုင်ရုံ ပါးလေးနမ်းရုံကလွဲပြီး ကျန်တာဘာမှ မလုပ်ပေ။ ချစ်ရသောဖြိုးကို ဖိုးကျော် တန်ဖိုးထားသည်။ ဒါကြောင့်မို့လည်း ဆင်ဆင်ချင်ချင်နေသည်။ အခွင့်အရေးတွေရှိပေမယ့် မယူခဲ့တာ ဖိုးကျော်ရဲ့ ဖြိုးအပေါ်ထားတဲ့ ချစ်ခြင်းသည်သာ။ ဘူးသီးကြော်ခွံ့ကြွေးနေတဲ့ မောင့်ကိုကြည့်ရင်း ရင်ထဲမှာအချစ်တွေပြည့်နေသည်။ ဒီလိုဂရုတစိုက် ရှိတဲ့သူမို့လည်း ဖြိုးကို သူပစ်သွားမှာကြောက်သည်။ အခွင့်အရေးမယူတတ်သောသူမို့လည်း မောင့်ကို လေးစားမိသည်။ (အခွင့်အရေး ယူခဲ့မယ်ဆိုရင်လည်း ပေးဖို့အသင့်ပါမောင်ရယ်)။
"အန်တီ ကျွန်တော်တို့ ဘယ်လောက်ကျလဲခင်ဗျ" "ဘူးသီးကြော်တစ်ပွဲတည်းဆိုတော့...ငါးရာပဲကျပါတယ်ကွယ်" ဖိုးကျော် ငါးရာတစ်ရွက် ထုတ်ပေးလိုက်သည်။ ပိုက်ဆံရှင်းပေးပြီးသည်နှင့် ကားတံခါးကို ဖြိုးဝင်ထိုင်ဖို့ အသင့်ဖြစ်အောင် ဖွင့်ပေးလိုက်သည်။ "မောင့်ရဲ့ ဒီလို ဂရုတစိုက်ရှိမှုတွေကြောင့် ဖြိုး စိတ်ချမ်းသာရပါတယ် မောင်ရယ်" လို့ ရင်ထဲမှာ တိုးတိုးလေးပြောနေမိတယ်။ "ဖြိုးဖာသာဖွင့်လို့ရပါတယ် မောင်ရဲ့" "မောင်ကိုယ်တိုင် ဖွင့်ပေးချင်လို့ပေါ့ ဖြိုးရဲ့..." "ဖြိူဘယ်သွားချင်သေးလဲ... " "သွားစရာမရှိတော့ပါဘူးမောင်ရယ်"ဖြိုးကို လမ်းထိပ်ချပေးပြီး ဖိုးကျော် အိမ်ကိုပဲ ပြန်လာခဲ့သည်။ "သား...လာထိုင်အုန်း" ကျောမှီတဲ့ ပေါ်မှာ နဂါးပုံ ဖော်ထားတဲ့ တတ်မလမ်းသားခုံကြီးပေါ်မှာ မိန့်မိန့်ကြီး ထိုင်သော ဦးဘထူးက အခုမှဝင်လာသော သားဖြစ်သူကို လှမ်းခေါ်လိုက်သည်။
"ဟုတ်ကဲ့...ဖေဖေ" ဖိုးကျော် ခါးလေးကိုင်းကာ ဖေဖေ့ရှေ့ရှိ ခုံတစ်ခုံတွင် ထိုက်လိုက်သည်။ ဖေဖေ့ကို ဖိုးကျော် ချစ်ကြောက်ရိုသေသည်။ ငယ်စဉ်ကတည်းက မိခင်မရှိတော့သဖြင့် ဒီအဖေကပဲ သူ့အပေါ်မှာ မိခင်လိုတစ်မျိုး ဖခင်လိုတစ်မျိုး ဒီအရွယ်ထိရောက်အောင် ထိန်းကျောင်းလာခဲ့ရတာ ဖိုးကျော်အသိပါ။ "သားအခု မင်းအသက်ဘယ်လောက်ရှိပြီလည်း" "၂၅ နှစ်ထဲမှာပါ ဖေဖေ" "အေး...ဒါဆို ငါ့သားမှာ ချစ်သူရှိလောက်ရောပေါ့" "ဗျာ..." ဖေဖေအခုလို မေးလာလိမ့်မယ်လို့ ဖိုးကျော်မထင်ထားပေ။ ဘယ်လိုပြန်ဖြေရမှန်းလည်း မသိပါ။ ရင်တွေလည်းတုန်နေသည်။ ဖြစ်နိုင်ရင် ဖေ့ဖေ့ရှေ့ကနေ ချက်ခြင်းပျောက်ကွယ် သွားချင်မိတယ်။
"ဖေဖေ...မေးနေတာ ဖြေလေ သားမှာ ရည်းစားရှိနေပြီလား" ဖေဖေကထပ်မေးနေတော့ မဖြေလို့မဖြစ်တော့ပေ။ ဖေဖေစိတ်တိုလာလျှင် ကြောက်ဖို့ ကောင်းသည်။ အရဲစွန့်ပြီး ဖြေလိုက်သည်။ "ဟုတ်ရှိပါတယ်...ဖေဖေ" "ဟား...ဟား....ဟား... ငါ့သားက ဘယ်ဆိုးလို့လဲကွ ရည်းစားတွေ ဘာတွေတောင် ရှိနေပါပေါ့လား ဟား...ဟား....ဟား..." ဖေဖေရဲ့ရယ်မောသံကြားမှပဲ စိတ်တွေတည်ငြိမ်စပြုလာခဲ့သည်။ နောက်ထပ်ဘာများ ပြောဦးမလည်းဆိုပြီးနားစိုက်ထောင်နေမိသည်။ ဖေဖေဟာ အခုအချိန်မှာ မိခင်တစ်ယောက်လိုမျိုး သားဖြစ်သူကို မေးနေရှာသည့်အတွက် ဖိုးကျော်စိတ်မကောင်း ဖြစ်မိပြန်သည်။
"ကဲ သားမှာ ရည်းစားရှိတယ်ဆိုတော့ မနက်ဖြန် သား ကောင်မလေးကို ဖေဖေနဲ့ တွေ့ဖို့ ခေါ်လာခဲ့ ဟုတ်ပြီလား။ ဖေဖေတို့က ချမ်းသာပြီးသားဆိုတော့ ဆင်းရဲတာ ချမ်းသာတာ မလိုဘူး စိတ်ရင်းကောင်းတဲ့သူပဲလိုတယ်။ ကဲ...ကဲ... သားလည်း သွားတော့ ဖေဖေ သတင်းစာဖတ်လိုက်ဦးမယ်" ဖခင်ရှေ့မှ ဝမ်းသာခြင်းများစွာနဲ့ မိမိအခန်းရှိရာသို့ ခြေလှေမ်းတွေဦးတည်လိုက်သည်။ အိပ်ယာပေါ်မှာ ဖြိုးနဲ့တွေ့ရင် ပြောပြဖို့ စကားတွေစဉ်းစားရင်း ညအတော်နက်တော့မှ အိပ်ပျော်သွားသည်။ "ဖြိုး" "ပြောလေမောင် ဘာပြောမလို့လည်း" "မောင့် ရဲ့ ဖေဖေက ဖြိုးကိုတွေ့ချင်လို့တဲ့။ အဲဒါဖြိုးဘက်က လိုက်တွေ့ဖို့ရာ အဆင်ပြေမပြေ" "ဖြစ်ပါ့မလားမောင်ရယ် ဖြိုးကဆင်ရဲတော့" ဖြိုးဆီကသိမ်ငယ်တဲ့ စကားတွေ ထပ်မကြားချင်တော့၍ ဖြိုးရဲ့နှုတ်ခမ်းလေးကို ဖိုးကျော် လက်ဖြင့် ပိတ်လိုက်သည်။
"အဲဒါတွေလျောက်မပြောပါနဲ့ ဖြိုးရယ်။ မောင့်ဖေဖေက ဆင်းရဲချမ်းသာမရွေးတတ်ပါဘူး။ အခုလိုခေါ်တွေ့တာကလည်း ဖေဖေကဖြိုးကို အကဲခပ်ကြည့်ရုံသက်သက်ပါ။ ကျန်တာဘာမှ လျောက်မတွေးနဲ့တော့။ မနက်ဖြန် ဖြိုးကို မောင် လမ်းထိပ်ကနေလာစောင့်ပြီးခေါ်မယ်။ ကဲ...တစ်ခုခုစားပြီးပြန်ကြစို့"
ပန်းခြံထဲကအထွက်မှာ ဖြိုးလက်ကလေးကို ဖိုးကျော် အားပေးသည့်အနေဖြင့် ကိုင်လျောက်လာသည်။ မနက်ဖြန် ဖေဖေနှင့် သူ့ချစ်သူလေးဖြိုးတို့ တွေ့ဆုံမှုမှာ အဆင်ပြေပါစေလို့လည်း ရင်ထဲမှာ ကြိတ်ပြီးဆုတောင်းနေမိသည်။ "လာပါ ဖြိုးရဲ့ မကြောက်ပါနဲ့" မောင့်ဖေဖေရဲ့ အိမ်ကြီးက ခမ်းနားလွန်းလှသည်။ မိမိက ပိုက်ဆံတအား မချမ်းသာပေမယ့် သူများစားသလိုစားနိုင်သည်။ သူများဝတ်သလိုဝတ်နိုင်သည်။ ဒါပေမယ့် မောင့်ဖေဖေရဲ့ ချမ်းသာမှုက သူမကို အားငယ်စေသည်။ အိမ်ထဲသို့ ချေလှမ်းရန်ပင် မဝံ့ရဲတော့ပေ။ မောင်ဇွတ်အတင်းဆွဲခေါ်လာလို့သာ မောင့်ဖေဖေရှေ့ရောက်လာရတာ။ ဘေးမှာ မောင်သာမရှိရင် ဒူးတွေခွေပြီးလဲကျသွားနိုင်သည်။

မေ့လို့မရ ယောက္ခမWhere stories live. Discover now