သတိ စာမစစ်ထားပါ
ဇီးကွက်တစ်ယောက် အရင်စာမလေးမွေးတဲ့အချိန်ကိုသတိရမိသွားသည်။သားဖြစ်သူက ဗိုက်ထဲကထွက်ကတည်းက သူ့ထက်ပညာစွမ်း ထက်သာကိုလည်း သူသိသည်။ယောကျာ်းဖြစ်သူကလည်း သူ့သားက မွေးကတည်းကစုန်းလေးဆိုတာသိသည်။ဘာမှမပြော မပြောဆို မယားဖြစ်သူက သူများဒုက္ခပေးနေသူမဟုတ် ဒုက္ခရောက်နေသူကိုတောင် ကယ်တင်ပေးနေသူမို့ သူလက်ခံသည်။အခု မယားကမွေးတဲ့သားဟာလည်း လူဆိုးလေးမဟုတ် လူကောင်းလေး။ဒါတွေအသာထားပါလေ စာမမွေးတုန်းကအကြောင်းပဲဆက်ပြောကြတာပေါ့။
သူတို့လင်မယားနှစ်ယောက်မှာ ညားပြီး၅နှစ်ကြာတဲ့အထိသားသမီးမရသေးပေ။ဒေါ်ဇီးကွက်ရော ဦးလိပ်ကြီးပါ သားသမီးတအားလိုချင်ကြသည်။ဒေါ်ဇီးကွက်က စုန်းတစ်ယောက်မို့သားသမီးမရသလားလို့ လင်မယားနှစ်ယောက်တွေးမိကြသည်။ဒါပေမယ့် စုန်းတစ်ယောက်ဆိုပေသိ ရွာထဲက စုန်းမတွေကကြ ကလေးရကြပြီး သူတို့လင်းမယားကြမှ ဘာကြောင့်ကလေးမရလည်း သူတို့မစဥ်းစားတက်။ဒေါ်ဇိးကွက်သိသည်က စုန်းအချင်းချင်း ယူကြရင်သာ ကလေးမရကြသည်။တစ်ယောက်ကစုန်း တစ်ယောက်က သာမန်လူဆိုရင် ကလေးရကြတယ်မဟုတ်လား။အခုက ကလေးမရသေးသည်မို့ စားနိုင်သောက်နိုင်နေနိုင်တဲ့သူတို့လင်မယားမှာ သားသမီးရတနာမရသောကြောင့် စိတ်တွေညစ်ကြရသည်။တစ်နေ့ညမှာတော့ သူမ အိပ်မက်တစ်ခုမက်ခဲ့ရသည်။အိပ်မက်ထဲမှာ သူတို့ရွာအရှေ့ဘက်တောင်ပေါ်ကနေ အလင်းရောင်ပြိုးပြိုးပြက်ပြက်ကို သူမမြင်လိုက်ရသည်။တစ်ချိန်ထဲမှာပဲ အိမ်မက်ထဲမှာ ကျားကြီးတစ်ကောင်ဟိန်းလိုက်တဲ့အသံလည်း သူကြားလိုက်ရသည်။ဟိန်းသံကို နားစွင့်ကြည့်လိုက်တော့ ဒါဟာ သာမန်ကျားမဟုတ် ပညာသယ်ကျားဆိုတာ သူသိသည်။ တစ်ခနကြာမှာပဲ သူတို့အိမ်ရှေ့ဆီ တောင်ပေါ်က အလင်းတန်းက တည့်တိုးလျင်မြန်စွာရောက်လာတာကိုလည်း သူမြင်လိုက်သည်။ သူကအိမ်ထဲကနေ အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ ထမိန်စွန်တောင်ဆွဲကာ လက်တစ်ဖက်က ဓားထမ်းပြီး လက်တစ်ဖက်မှာက အဝတ်ဖြူဖြူတစ်ထုပ်ကို ပွေ့ထားတဲ့ အမျိုးသမီးကို သူမြင်လိုက်ရသည်။အမျိုးသမီးကရှေးပုဂံခေတ်ကအဝတ်အစားကိုဝတ်ထားသည်။တစ်ကိုယ်လုံး အနတ်ရောင်ရွှေချည်တွေနဲ့ရင်မှာ ပိုးပုဝါအနီကိုစည်းထားသည်။တစ်ချက်တစ်ချက် ဓားသွားတွေက ဝင်းကနည်းလက်လက်သွားသည်ကိုလည်မြင်
ရသည်။သူသေချာကြည့်မိတော့ အနောက်မယ်တော်ကြီး အမေရေယာဥ်ကတော်ဖြစ်နေသည်။သူလည်း လက်အုပ်ချီကာ အိမ်ရှေ့အမြန်ထွက်သွားပြီး အမေကြီးရှေ့မှာ ဒူးထောက်ထိုင် လက်အုပ်ချီကာ ခေါင်းကို ငုံရင်းဦးခိုက်လိုက်သည်။
YOU ARE READING
ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)
Horror"ရနံ့မပါတဲ့ပန်းလည်း မြတ်နိုးသူလက်ထဲရောက်ရင် မွှေးပါသယ်"
