Chapter-3🔞🔞🚨

Start from the beginning
                                        

တော်ဝင် ခပ်လွန့်လွန့်ပြုံးလိုက်မိသည်။

ဒါဘဲလေ..ငွေဆိုတာ မိန်းမတစ်ေယာက်ရဲ့ အဖိုးထိုက်တန်လှပါတယ် ဆိုတဲ့ အပျိုစင်ကိုေတာင်ဝယ်လို့ရသည်။

ငွေ..နဲ့ အချစ်ဟာ လူတစ်ယောက် ဘဝကို ဖျက်ဆီးနိုင်ဆုံးနှင့် ဆွဲအတင်နိုင်ဆုံးသော အရာတွေပဲ မဟုတ်လား...

ဝဿန် ထိုပိုက်ဆံများကို ကြည့်ကာ ရွှင်လန်းလာမိသည်။ထိုပိုက်ဆံနှင့်ဆို သူမ နိုင်ငံခြားတွင် ကျောင်းသွားတက်နိုင်ကာ ပိုက်ဆံ ရှာဖို့ အခွင့်အလမ်းတွေ များလာ ေတာ့မည်ပင်။တစ်ဖက် က ကိုယ့်အပျိုစင် ဘဝကို တန်ဖိုး မထားခဲ့မိ၍ ဝမ်းနည်းမိသလို ငွေမျက်နှာကြောင့် ပြသနာမရှာခြင်းပင်။

ေတာ်ဝင့်လိုလူမျိုးက သူမကို သတ်လိုက်ရင်တောင် ဘာမှ ဖြစ်သွားမယ့် လူမျိုးမလား။အခုချိန်မှာ ထိုပိုက်ဆံနှင့် ငြိမ်နေတာသာ ကောင်းသည်။

သို့ပေတည်း သူမ၏ တစ်သက်လုံး ထိန်းသိမ်း စောင့်ရှောက်လာခဲ့သည့် အပျိုစင်ဘဝကိုတော့ ထိုdollars သိန်းငါးထောင်နှင့် ပြန်မဝယ်နိုင်တာကိုေတာ့ ဝဿန် တစ်ယောက် သတိထားမိပုံမပေါ်ခဲ့ပေ။

》》》》

"ဟဲ့..သက္ခရာ မုန့် စျေးတန်းသွားမယ်လေ...။"

"ငါမလိုက်တော့ဘူး ရွှေ...။ဒီနေ့တော့ မုန့်မစားချင်သေးဘူး။"

"နင်ကလည်း လိုက်ခဲ့ပါ ဟိုဟာမကလည်း မလိုကိဘူးတဲ့..ငါတစ်ယောက်တည်းသွားရမှာ..။"

"ထမင်းစားလေ...ဒီနေ့တော့ ငါမလိုက်ချင်ဘူးဟ။ ပြီးတော့ မုန့်စျေးတန်းမှာ လူကလည်း ကြပ်ကကြပ်နဲ့..ဒီကြားထဲ ဟိုလူကတွန်းတာလည်းခံရ၊ဒီလူကတွန်းတာလည်းခံရ..စားရတာနဲ့မတန်ပါဘူး...။"

"ထမင်းချိုင့်ပါမလာဘူးဟ။လိုက်ခဲ့ပါ သူငယ်ချင်းလေးရယ်....နော်။"

သက္ခရာလက်မောင်းလေးကိုကိုင်၍ မှီကာ ပြောလာသည့် ရွှေကြောင့် သက္ခရာ စဥ်းစားလိုက်မိသည်။

ဘယ်လိုဘဲဖြစ်ဖြစ် အဲ့လိုနေရာမျိုးကို သက္ခရာတစ်ယောက်တည်းမသွားချင်သလို ရွှေလည်း သွားချင်မည်မဟုတ်ဘူးမလား..ပြီးတော့ တစ်ယောက်တည်းဆို ကြောင်တောင်တောင် ဖြစ်နေမှာလေ။သို့ဖြစ်၍ ...

အချစ်ဟု ဖွင့်ဆိုခဲ့လေသော🔞🔞🚨🚨Where stories live. Discover now