(Zawgyi)
"မမခွာညို!!"
"ဘုရားရေ! အယ် သခင်မလေးရယ် လန့်လိုက်တာ"
"ဟီးးး...ဒါနဲ့ မမခွာညိုဘာတွေ ဖွက်စားနေတာလဲဟင်!"
"ဟို....ဟိုဘာမှမဟုတ်ပါဘူး"
ခိုင်အတင်းလုကြည့်လိုက်သည် ။
"ပူတင်းကို တယောက်ထဲခိုးစားနေတယ်ပေါ့ ။ ခိုင့်ကိုလဲ ကျွေးဦး"
"ရှူးးးရှူးးး သခင်မလေး တိုးတိုးပြောပါ ။ ခွာညိုကို အလုပ်ပြုတ်အောင် လုပ်နေတာပဲ"
"ဟင်...ဘာလို့လဲ"
"ဟို....ဘာမှမဟုတ်ပါဘူး ။ ဒါပေမဲ့ ခွာညိုစားနေတာကို ဘယ်သူကိုမှမပြောပါနဲ့နော်သခင်မလေး....။ ခွာညိုကို အန်တီနံ့သာအလုပ်ဖြုတ်လိမ့်မယ်..."
"မမခွာညို မပြောပြရင် အခုပဲ သွားတိုင်ပြောပစ်မယ်"
"ကဲလာ တိုးတိုးပြောဦး....။ ဟို.... ခွာညိုပြောပြပြမယ် ။ ခွာညိုဒီအကြောင်းတွေ မမလေးကိုပြောပြလိုက်တယ်ဆိုတာကို ဘယ်သူကိူမှမပြောပါနဲ့နော်"
"ဟာ သိပါတယ်ဆို!"
ခွာညိုက လေသံတိုးတိုးဖြင့်ပြောပြလိုက်သည် ။
"အိမ်မှာ ပူတင်းလုပ်ခွင့်မရှိဘူး ။ သခင်ကြီးရှေ့စားလဲမစားရဘူးတဲ့ ။"
"ဟွန် ဘာလို့လဲ ။ ခိုင်လဲမသိရပါလား"
ခိုင် မသိသေးတဲ့ စည်းမျဉ်းရှိတယ်ပေါ့ ။ ဘယ်သိပါ့မလဲ သူများအိမ်တွေလိုမျိုး အမေက မုန့်ခနခနလုပ်ကျွေးတာမျိုး ခိုင့်ဘဝမှာမှ မရှိခဲ့တာ...
"သခင်ကြီးရဲ့အကြိုက်ဆုံးက ပူတင်းတဲ့လေ ။ ဘာလို့လဲဆိုတော့ သခင်မကြီးက အမြဲလိုလိုလုပ်ကျွေးတယ် ။ သခင်မကြီးဆုံးထဲက ပူတင်းကို မစားတော့တာပဲ...."
"ဖေဖေကမုန့်လောက်လေးကို အဲ့လိုကြီးဖြစ်နေတာလား"
"ခွာညိုလဲ မသိဘူးလေ ။ အန်တီနံ့သာက ခွာညိုဒီအိမ်စရောက်ထဲက မှာထားတာပဲ!"
"အင်း.....ဒါဆိုရင် မမခွာညိုကပူတင်းလုပ်နည်းသိတာပေါ့"
"လွယ်လွယ်လေးကို သိတာပေါ့"
ခိုင် ခပ်ညစ်ညစ်ပြုံးလိုက်သည် ။
"ဒါဆို ခိုင့်ကိုသင်ပေး....."
ESTÁS LEYENDO
Sinking in Obsession
Romanceမြိုင်~~~ ကိုယ့်ရဲ့ မြိုင်~~~ သံသရာတလျောက် ကိုယ်ရဲ့အပိုင်လေးအဖြစ် ရှိနေနိုင်မယ် မဟုတ်လား~~
