2

3K 73 7
                                        

    ' You 'လေး Telegramမှာ Completedဖြစ်ပါပြီရှင်၊ Completedမျှော်နေသူတွေအတွက် remind ပြန်လုပ်ပေးတာပါ
      Telegram account _ Sawang9

နှစ်ပတ်ကျော်လောက် ပြန်လည်ကုသပြီးနောက် လင်္ကာ ခြေထောက်တွေမှာ လမ်းပင်လျှောက်နိုင်နေလေပြီ။ Omegaဆိုသော်ငြား လင်္ကာ၏ ဒဏ်ရာပြန်လည်ကောင်းမွန်နှုန်းမှာ အတော်လေး မြင့်လေသည်။ ရှပ်အင်္ကျီပိုးဖြူရောင်လက်ရှည်နှင့် ဘောင်းဘီရှည်အနက်ရောင် အပျော့သားကို လင်္ကာ တွဲဖက်ဝတ်လိုက်ပြီး တစ်ချိန်လုံး အနားမှာ ရှိနေသည့် စံပယ်ဖူးကို အပါခေါ်၍ အပြင်ထွက်လည်ရန် ပြင်သည်။

" သခင်လေး ... အဲဒါက ကျွန်မ ဆုံးဖြတ်လို့မရဘူး။ မမနှင်းကို အရင်မေးရမှာ။ သူ့မှာပဲ ဆုံးဖြတ်ခွင့်ရှိတာ။ "

လင်္ကာ ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြလိုက်သည်။

" သခင်လေး ဖြစ်တဲ့ ငါက ဆုံးဖြတ်နေတာလေ။ ငါက သူ့ကိုမကျော်နိုင်ဘူးလား။ "

စံပယ်ဖူး ခေါင်းလေးကို ခပ်သွက်သွက်ရမ်းသည်။

" မဟုတ်ပါဘူး။ ဒါပေမဲ့ မမနှင်းက ဆရာဝန်လေ။ သခင်လေး အခြေအနေကို သူက ပိုသိတာပေါ့။ နောက်ပြီး ကျွန်မသာ အတူလိုက်သွားရင် မတားရကောင်းလားဆိုပြီး အပြစ်ပေးမှာ။ အစေခံတွေက သခင်လေးနဲ့ မတူဘူးလေ။ အဆင့်အတန်း အတိအကျ ခွဲထားတယ်။ "

ဆယ့်လေးနှစ်အရွယ်ဝန်းကျင် ဤကလေးမလေးအပေါ်တွင်တော့ လင်္ကာလည်း သံယောဇဥ်ရှိသည်မို့ အခက်တွေ့အောင် မလုပ်ချင်ပေ။ လက်ဟန်အမူအရာပြပြီး နှင်းဆီဖူးထံသို့ သံတော်ဦးတင်ရန် ခွင့်ပြုလိုက်သည်။

" သွားသွား "

" သခင်လေး ခဏပဲနော်။ ကျွန်မ မြန်မြန်ပြန်လာခဲ့မယ်ရှင့်။ "

စံပယ်ဖူးမှာ ပြောသလိုပင် ငါးမိနစ်မျှဖြင့် ပြန်ရောက်လာခဲ့လေသည်။ နှင်းဆီဖူးနှင့်အတူ အမျိုးသား Betaနှစ်ယောက်လည်း ပါလာကာ လင်္ကာထံသို့ ရောက်လာကြပြီး နှင်းဆီဖူးက တရိုတသေ ပြောလာ၏။

" သခင်လေးက ဘယ်များသွားချင်လို့လဲ။ အကယ်လို့ တစ်ခုခု လိုချင်တာများရှိရင် ... "

လင်္ကာ ခပ်သွက်သွက် စကားဖြတ်ပြောလိုက်သည်။

" တစ်ခုခုလိုနေသလို ခံစားရတယ်။ စာအုပ်ကောင်းကောင်းတစ်အုပ်လောက် ဖတ်ချင်တာ။ စာမဖတ်ရရင် ရူးသွားတော့မလို ခံစားရတယ်။ "

You've reached the end of published parts.

⏰ Last updated: Oct 16 ⏰

Add this story to your Library to get notified about new parts!

Only  ' You '     (Completed)Where stories live. Discover now