Chapter 1- ဆရာ ကျွန်တော်က ဘာလို့ စာအုပ်ထဲက ဥပမာနဲ့ မတူတာလဲ
Unicode
စာသင်ခန်းထဲတွင်။
ကျန်းချင်းဟယ်သည် စင်မြင့်ပေါ်တွင်ရပ်ကာ ဇီဝဗေဒဘာသာရပ်ကို သင်ကြားပို့ချနေခဲ့သည်။ သူက အမျိုးသမီးနှင့် အမျိုးသားတို့၏ ခြားနားချက်များအကြောင်းအပြင် အိပ်မက်ထဲတွင် သုက်လွှတ်ခြင်းနှင့် ဓမ္မတာလာခြင်းတို့အကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
အောက်တွင်ထိုင်နေသော ကျောင်းသားများအားလုံး ဂနာမငြိမ်ဖြစ်နေကြသည်။ သူတို့ကို ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မသင်ကြားခဲ့ဖူးသည့် အသိပညာပေးမှုသည် ဤကျောင်းသားများအတွက် ကမ္ဘာသစ်ကြီးတစ်ခု၏ တံခါးကို ဖွင့်ပေးလိုက်သလိုပင်။
ကျန်းချင်းဟယ်မှာတော့ အကူအညီမဲ့နေသည်။ ဤအကြောင်းအရာကို ပြောရသည့်အခါတိုင်း သူသည် ပြောမပြတတ်အောင် ရှက်ရွံ့မှုကို ခံစားရ၏။ သူက မြေဖြူတစ်တောင့်ကိုယူပြီး ကျောက်သင်ပုန်းပေါ်တွင် စာများရေးကာ ပုံများဆွဲပြလိုက်သည်။
ကျောင်းသားများသည် သူ့ကိုမကြည့်ဘဲ သူခုနကပြောခဲ့သည့် အသိပညာထဲတွင်သာ နစ်မျောနေကြသည်။
ယောက်ျားလေးအများစုသည် မိန်းကလေးအချို့ကို ညစ်ညမ်းသော အကြည့်များဖြင့် ကြည့်ကြပြီး မိန်းကလေးများကလည်း သူတို့ကို ပြင်းထန်စွာ ပြန်စိုက်ကြည့်ကြသည်။
ကောင်းမွန်သော စာသင်ချိန်တစ်ခုသည် ဤသို့ဖြင့် ပျက်စီးသွားခဲ့၏။
သို့သော် တစ်ယောက်တည်းသော သူတစ်ယောက်ရှိပြီး သူက ခေါင်းကိုငုံ့ထားပြီး မည်သူနှင့်မှ စကားမပြော။ သူ့မျက်နှာသည် အလွန်ဖြူဖျော့နေပြီး နဖူးတွင် ချွေးများစို့နေကာ သူ့ရဲ့ခန္ဓာကိုယ်လေးမှာ အားနည်းပြီး ပျက်စီးလွယ်ပုံပေါက်နေသည်။ ကျန်းချင်းဟယ်သည် ဒီကောင်လေး မူးလဲသွားမလားဟု အလွန်စိုးရိမ်မိသည်။
သူသည် ဒီကောင်လေးကို အချိန်အတော်ကြာ အာရုံစိုက်နေခဲ့မိသည်။ သူက အသစ်ပြောင်းလာသော ကျောင်းသားဖြစ်ပြီး သူ့နာမည်မှာ ခယ့်လင် ဟုထင်သည်။ သူအရင်က သူဌေးအကယ်ဒမီကျောင်းတွင် တက်ခဲ့သော်လည်း မိသားစုအကြောင်းကြောင့် ဤအထက်တန်းကျောင်းသို့ ပြောင်းလာခဲ့ပြီး အထက်တန်းကျောင်းသားသစ်တစ်ဦး ဖြစ်နေဆဲဟု ကြားသိရသည်။
YOU ARE READING
ဒွိလိင်ကျောင်းသားနှင့် ဇီဝဗေဒဆရာ
Randomအပြာစာဖြစ်လို့ ကိုယ့်အသက်အရွယ်နဲ့ ချိန်ပြီး ဖတ်ကြပါရှင်။ ဒွိလိင်ကျောင်းသား × အတန်းဖော်များ၊ဆရာများ၊ပထွေး၊ဆိုင်ရှင်
