Part-7

487 8 0
                                        

#ထားဂတ်ကုဠေ

"သူ မလာဘူးတဲ့လား"

မာန်ဝင့်ထည်ဝါရဲ့ အတွင်းရေးမှူးနဲ့ ဖုန်းပြောပြီးတဲ့ မဇွန်ပွင့်ကို သူမ မေးလိုက်သည်

မဇွန်ပွင့် ခေါင်းညိမ့်ပြတော့

"ကောင်းတယ်....ထားဂတ်ကို တနာရီလောက် စောင့်ခိုင်းပြီးမှ သူမလာနိုင်ဘူး ပြောတာပေါ့လေ.
ထားဂတ် အချိန်ကို သူ့အချိန်လောက် တန်ဖိုးမရှ်ိဘူးထင်နေတယ် ထင်တယ်.....ဒီလူကြီးကတော့"

သူမ အပေါ်နှုတ်ခမ်းလေးကို သွားနဲ့ ကိုက်ပြီး ဆိုသည်

"သခင်လေးက လာဖို့ပါပဲ.....ဒါပေမယ့် အရေးကြီး အစည်းဝေး တက်ရမယ် ဆိုလို့ မလာဖြစ်တော့တာတဲ့ မမလေး"

"ဟုတ်လို့လား....သူ ထားဂတ်ကို ပြန်လက်စား ချေချင်လို့ တမင် လုပ်နေတာ မဟုတ်ဘူးလား"

"ဖြစ်နိုင်ပါတယ် မမလေး"

"ဘယ်သူ သိနိုင်မလဲ အဲဒီ ဆွဲဆောင်နိုင်တဲ့ ခေါင်းထဲက အကြံဆိုးကို"

သူမ မဲ့ပြုံး ပြုံးပြီး ကိုင်ထားတဲ့ wedding dress catalog ကို စားပွဲပေါ်တင်ပြီး ဆိုဖာ နောက်ကျောကို မှီချလိုက်သည်

အရင်၂ရက်က သူ dinner 🍽️ စားဖို့ ချိန်းတာ သူမကိုပြောပြီး ချိန်းသင့်သည်

အခုက ဖိုးဖိုးကို ပြောပြီး ချိန်းတော့ သူမက ခံစားချက်မရှိတဲ့ စက်ရုပ်လား...

သူမနဲ့သူရဲ့ ကိစ္စကို သူမကို မပြောဘဲ ဖိုးဖိုးကိုပြောတော့ သူမက အရေးမပါတာလား ဒါမှမဟုတ် သူမအ‌တွေးကို ဂရုမစိုက်တာလား

ထားဂတ်ကို အလေးမထားဘဲ ငါ ပြောသလိုလုပ်ဆိုတဲ့ အတ္တသမားကို မုန်းသည်

အဲတာကြောင့် အခုလည်း သူ့ကို မပြောဘဲ သူ့အတွင်းရေးမှူးနဲ့ပဲ ပြောခိုင်းလိုက်တာ ဖြစ်သည်

သူ မလာဘူးဆိုတာ သူမသိပါသည်
ဒါပေမယ့် သူမ ခံစားချက်ကို သူသိအောင် တမင် ချိန်းလိုက်တာ ဖြစ်သည်

မှန်းထားသည့်အတိုင်း သူမကို တနာရီစောင့်ခိုင်းပြီမှ သူမလာတာ အသိပေးလာသည်

"ထားဂတ် သူ့ကို ပိုသိလာလေ ပိုမကြိုက်လာလေပဲ......သူက ဖိုးဖိုးနဲ့ တူတယ်....
ကိုယ့်ကိုကိုယ် အထင်စွတ်ကြီးပြီး တွေ့တဲ့ လူတိုင်းကို ထားရာနေ စေရာသွား လုပ်ခွင့်ရှိတဲ့သူလိုမျိုး မာန်တက်နေတဲ့ လူစားမျိုး"

ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေးWhere stories live. Discover now