#မာန်ဝင့်ထည်ဝါ
စုံတွဲတွေအတွက် နာမည်ကြီးတဲ့ TW Hotel ရဲ့ restaurant မှာ romantic သီချင်းအေးအေးလေး နားဆင်ခံစားရင်း ကြည်နူးစရာ အတွဲကိုယ်စီ dinner စားနေကြသည်
ဒေါသတွေ ကြိတ်မှိတ်မျိုသိပ့်နေရတဲ့ မျက်နှာနဲ့
VIP သီးသန့်ဝိုင်းမှာ ထိုင်နေတဲ့လူတယောက်ကို ဝန်ထမ်းတွေ မသိမသာ ခိုးကြည့်နေကြသည်
"ဒီမိန်းမကတော့ကွာ"
မာန်တယောက် ထားဂတ်ကုဠေနဲ့ dinner 🍽️ အတူစားဖို့ ချိန်းထားခဲ့သည်
မာန်ထိုင်စောင့်နေတာ ၂နာရီကျော်တဲ့ထိ သူမရောက်မလာပါ
မာန့်ဒေါသကို ရှေ့စားပွဲပေါ်က ရေခွက်ကိုယူ၍ တငုံသောက်ကာ စိတ်ဖြေရင်း လည်ကတိုင်ကို ဆွဲဖြုတ်လိုက်သည်
မာန့်ဘဝမှာ ဒီလောက်အကြာကြီး ဘယ်သူ့ကိုမှ မစောင့်ဖူးပါ
(ဒီမိန်းမ ငါ့သည်းခံမှုကို လာစမ်းနေတာလားကွာ)
သူမကို စစတွေ့တုန်းက သူမဖိုးဖိုး ပြောထားတာနဲ့ သူမက ခြားနားတယ်လို့ မာန်တွေးမိသည်
အခုတော့ မင်းက (မင်းအဖိုးပြောတာထက်တောင် ပိုဆိုးနေသေးတယ်......ယဉ်ကျေးမှုမရှိတဲ့မိန်းမ)
ပန်းခြံထဲမှာ တွေ့တွေ့ချင်း သူမကိုပြောတဲ့စကားတွေ လွန်သွားတာကို မာန် အားနာနေမိသည်
ဒါကြောင့် dinner 🍽️ စားပြီး သူမနဲ့ ရင်းနှီးစေချင်တယ်
သူမ လက်ထပ်မယ့် ယောက်ျားက လူရှုပ်လူပွေ မဟုတ်ဘဲ သူမကို ဇနီးမယားတယောက်အနေနဲ့ လေးစားပြီး သူမတယောက်တည်းကိုပဲ သစ္စာရှိမယ့်သူဆိုတာ သူမကိုသိစေချင်သည်
မာန့်ကို လက်ထပ်လို့ သူမစိတ်ပူပြီး စိုးရိမ်စရာ မလိုဘဲ မာန့်ဇနီးအနေနဲ့ လေးလေးစားစားနဲ့ ကောင်းကောင်း ဆက်ဆံမယ်ဆိုတာကို သူမစိတ်လုံခြုံမှုရှိပြီး စိတ်ချရအောင် မာန်သေချာပြောပြမည်။သူမကို ကတိပေးမည်လို့ မာန်တွေးပြီးလာခဲ့သည်
(အခုတော့..….......ဘယ်မှာလဲ..သူမ)
မာန် ဦးမင်းထွဋ်ကုဠေကို ဖုန်းခေါ်လိုက်သည်
ထုံးစံအတိုင်း ၁၀ကြိမ်မြောက်မှ ဖုန်းကိုင်သည်
YOU ARE READING
ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေး
Romanceမဂ်လာပွဲမှာ အသုဘဝတ်စုံလိုဝတ်ပြီး ပွဲတက်တဲ့သတိုးသမီးက ကမ္ဘာပေါ်မှာ မင်းတယောက်ပဲ ရှိမယ် 🌺 မာန်ဝင့်ထည်ဝါ ထားဂတ် ရှင့်ကို မချစ်ဘူး ဟုတ်တယ် ရှင့်ကိုချစ်မိသွားလို့မရဘူး 🌺 ထားဂတ်ကုဠေ #Translated novel
