#ထားဂတ်ကုဠေ
ဟမ်...အဲဒါ..သူပဲ
မနေ့ညက ကောင်းမလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ ခပ်ချောချော ကောင်လေး
အရပ်မြင့်မြင့် ၊ ညှိယူနိုင်တဲ့မျက်ဝန်းအကြည့်၊ ဆွဲဆောင်မှုအပြည့်နဲ့ နတ်ဘုရားတပါးလို မျက်နှာနဲ့ သူ့ကို.... သူမ ဘယ်လို မေ့လို့ရပါ့မလဲ
Bar ထဲ သူဝင်လာတာနဲ့ လူ အများကြီး သူ့ကို နှုတ်ဆက်ကြတယ်
အထူးသဖြင့် နာမည်ကြီးတဲ့သူတွေပေါ့
ယောက်ျားလေးတွေက လက်ဆွဲကြ၊ပခုံးတိုက်ကြ၊ကျောပုတ်လိုက်နဲ့ နှုတ်ဆက်ကြသည်
မိန်းခလေးတွေကတော့ ပိုဆိုးပေါ့
ပေါ်တင်ပဲ သူ့ကို flirt ကြတယ်
သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာ စွဲမက်စရာကောင်းလောက်အောင် သူမကို အိပ်မွေ့ချထားသလို အချိန်အတော်ကြာ ကြည့်နေမိသည်
Model? ဒါမှမဟုတ် သူ့ရဲ့ muscled body အရ ကျော်ကြားတဲ့ အားကစားသမားဖြစ်မယ်
သူ့လက်ချောင်းလေးတွေ ဆံပင်ထိုးဖွလိုက်ချိန်...
ပိုးသားလို ပျော့ပျောင်းနေမယ့် အထိတွေ့ကို သူမခံစားမိသည်
သူ့ရဲ့လက်ခုံနဲ့ အောက်နှုတ်ခမ်းလေးကို သုတ်လိုက်ချိန်.....သူမသာ ထိလိုက်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းမိတယ်
သူပြုံးလိုက်ချိန်တိုင်း သူမ ....သူ့ကို နမ်းချင်မိတယ်
ရူးနေပြီ.... အဲဒါ မြင်မြင်ချင်းအချစ်ပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် မဖြစ်သင့်ဘူး .......
သူ့ဆွဲဆောင်မှုမှာ မကျဆုံးသင့်ဘူး....
ဒီလိုဖြစ်တာ သူမ တခါမှ ရည်းစားမထားဖူးလို့ ဖြစ်မယ်........ဟုတ်တယ်.....အဲဒါကြောင့်ပဲ
သူမ သန့်စင်ခန်းသွားတော့ ရွှေအိုရောင်ဆံနွယ်လေးနဲ့ ဆေးလိပ်သောက်နေတဲ့ ခပ်မိုက်မိုက် ကောင်မလေးနဲ့ သူနမ်းနေတာ တွေ့လိုက်တော့.....
သူမရဲ့ ပထမဆုံးသော ဖြူစင်တဲ့ လက်လက်ဆတ်ဆတ် အချစ်ပိုးလေးတွေ ဘယ်နေရာမှ မသွားလိုက်ရဘဲ ဗွမ်းးးးခနဲ အရက်ပြန်လောင်းချခံလိုက်ရသလိုပင်
အော် ...သူ့မှာ ကောင်မလေးရှိတာပဲ
အပိုင်း၁...နိဂုန်းဆိုတာ ဒါမျိုးပါလား
ဟားဟား
YOU ARE READING
ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေး
Romanceမဂ်လာပွဲမှာ အသုဘဝတ်စုံလိုဝတ်ပြီး ပွဲတက်တဲ့သတိုးသမီးက ကမ္ဘာပေါ်မှာ မင်းတယောက်ပဲ ရှိမယ် 🌺 မာန်ဝင့်ထည်ဝါ ထားဂတ် ရှင့်ကို မချစ်ဘူး ဟုတ်တယ် ရှင့်ကိုချစ်မိသွားလို့မရဘူး 🌺 ထားဂတ်ကုဠေ #Translated novel
