Part_4

413 11 0
                                        

#ထားဂတ်ကုဠေ

တံခါးဘဲတီးသံကြောင့် သူမ မဖွင့်ချင်သေးတဲ့ မျက်လုံးကို အားယူကာ ဖွင့်လိုက်တယ်

အိမ်နီးချင်းတယောက်ယောက် ညတုန်းက dinner 🍽️မှာ တခုခု ကျန်ခဲ့လို့ လာယူတာဖြစ်မယ်

တံခါးလာမဖွင့်ရင် ပြန်သွားလိမ့်မယ် လို့တွေးရင်း
အိပ်ရာပေါ် ဟိုလှိမ့်ဒီလှိမ့် လုပ်နေလိုက်တယ်

ဒါပေမယ့် အချိန်ကြာတဲ့အထိ တံခါးဘဲသံ မရပ်သွားပါ

သူမ အိပ်ရာက ဖြေးဖြေးချင်းထလိုက်တယ်

အိပ်ရာဘေးက စားပွဲပေါ်မှာ ရှိတဲ့ နာရီကိုကြည့်တော့ ၆:၃၀
မတ်တပ်ရပ်လိုက်သည့်အခါ နံရံကပ်မှန်မှာ ပေါ်နေတဲ့ zombie တကောင်

"အမယ်လေး"

အိပ်ချင်မူးတူးနဲ့မို့ ရုတ်တရက် ကိုယ့်ရုပ်ကိုယ် မမှတ်မိလိုက်

ဟုတ်တာပဲ မနေ့ညက  makeup တောင် မဖျက်နိုင်ဘဲ မူးမူးနဲ့ တန်းအိပ်လိုက်မိသည်

မနေ့ညက ဖိုးဖိုးဖုန်းဆက်တော့ အတွေးများပြီ ဘယ်လိုမှ အိပ်မရတော့ပါ

သူမခံစားချက်တွေ ရင်ဖွင့်ချင်တယ်
ပေါက်ကွဲပစ်ချင်တယ်
အဲ့လိုမှမလုပ်ရင် သူမရူးသွားလိမ့်မယ်လို့ ခံစားနေရတယ်

သူမသူငယ်ချင်းကိုဖုန်းဆက်လိုက်တယ်

နွယ်နီရဲ့ အိမ်က သူမတို့အိမ်နဲ့ တလမ်းကျော်သာ ဝေးသည်

နွယ်နီနဲ့ စကားပြောဖို့ အနီးဆုံး ကော်ဖီဆိုင်ကို သူမ ချိန်းလိုက်မယ်

"Hello နွယ်နီ
ထားဂတ်တို့ ကော်ဖီဆိုင်မှာ တွေ့ရအောင်"

"နွယ်နီက ဝင့်ဝါနဲ့ exclusive bar ကို သွားဖို့ ပြင်နေတာ"

"ဟမ်.....အဲဒီbarက နာမည်ကြီးတွေနဲ့ သူဠေးတွေပဲ ဝင်လို့ရတာ မဟုတ်လား"

"အေး... ဟုတ်တယ်
ဝင့်ဝါက သူ့company competition က tickets ရလာလို့..........
ထားဂတ်လည်း လိုက်ပါလား.....
အန်တီနေမကောင်းတော့ ထားဂတ်ကို ခေါ်ရမလား  ‌မခေါ်ရဘူးလား နွယ်နီ စဉ်းစား‌နေတုန်းရှိသေး ထားဂတ်က ဆက်လာတာပဲ......
လိုက်ခဲ့ပါလား ..တခါတလေမှရတဲ့ မဟာအခွင့်ရေးနော်"

ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေးWhere stories live. Discover now