Part_3

452 9 0
                                        

#မာန်ဝင့်ထည်ဝါ

"ကောင်းလိုက်တဲ့ ရိုက်ချက်ကွာ"

ရန်ပိုင် အပြောနဲ့အတူ မာန်တို့ အားလုံးရဲ့ မျက်လုံးတွေက မာန်ရိုက်လိုက်တဲ့ ဂေါက်သီးသွားရာ လမ်းကြောင်းကို လိုက်ကြည့်နေကြတယ်

စောရန်ပိုင်စိုးက State ကျောင်းကတည်းကနေ Harvard မှာတက္ကသိုလ် သွားတက်တဲ့ထိ မာန်နဲ့တူတူပင်

အခု ကိုယ်စီ အလုပ်ဝင်ကြတော့လည်း တိုင်ပင်ဖော် တိုင်ပင်ဖက် အနေနဲ့ မာန်ရဲ့တဦးတည်းရှိတဲ့ သူငယ်ချင်း

မာန်တို့၂ယောက်လုံးက ‌ချမ်းသာတဲ့မိသားစုတွေက အမွေဆက်ခံသူတွေ

တနဂ်နွေနေ့ညနေ မာန်တို့မိသားစုပိုင်တဲ့ သီးသန့်ဂေါက်ကွင်းမှာ ရန်ပိုင်နဲ့ ကစားဖြစ်သည်

မာန်နဲ့ရန်ပိုင်က ပိတ်ရက်တွေမှာ တခါတလေ အပြင်ထွက်လည်သည်

၂ယောက်လုံးက လုပ်ငန်းရှင်တွေ ဖြစ်တာကြောင့် ဆုံချိန်တိုင်း Business plan, luxury cruise ship, project အသစ်က ထုတ်ကုန် တွေအကြောင်း ဒီလို ခေါင်းစဉ်အောက်က ကိစ္စ တွေ တိုင်ပင်ဖြစ်တာကများသည်

ရန်ပိုင် ရိုက်တဲ့အလှည့်ရောက်တော့ ရိုက်လိုက်ပြီး

"Yessssssss"

ကျေနပ်တဲ့လေသံကြီးနဲ့ ဒူး၂ဖက်ကို ကွေးကာ လက်သီးစုပ်ထားတဲ့ လက်၂ယောက်က အပေါ်ကိုထောင်‌ကွေးကာ ထအော်ပြီး ခုန်နေလေသည်

"ငါတို့မကစားတာ တော်တော်ကြာနေပြီနော်"

"ဟုတ်တယ်"

မာန် ထောက်ခံလိုက်သည်

မနေ့ညက ၂ယောက်သား club သွားပြီ အပီပြင်ကဲထားတော့ ဂေါက်ရိုက်ဖို့ကို အစက စိတ်မပါခဲ့ပေ

"မနေ့ကအရှိန်ကြောင့် လူကနည်းနည်းနေလို့မကောင်းချင်ဘူး
ဒီလို exercise လုပ်လိုက်တော့ အဆင်ပြေ သွားသလိုပဲ"

မာန့်စကားကို ရန်ပိုင်က ခေါင်းညိမ့်ကာ ၂ယောက်လုံး ရယ်မိကြသည်

မနေ့က ကျောင်းသားဟောင်း တွေ့ဆုံပွဲကို club မှာလုပ်ကြသည်

မဆုံတာကြာတဲ့ သူငယ်ချင်းတွေနဲ့ ပြောလိုက် သောက်လိုက်နဲ့ တော်တော်လေး ကောင်းခဲ့ကြသည်

ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေးWhere stories live. Discover now