Part-2

540 11 0
                                        

ငယ်ငယ်တုန်းက ဒီလိုနေ့မျိုး ရောက်လာဖို့ အိမ်မက် မက်ခဲ့တယ်

ဖိုးဖိုးရင်ခွင်ထဲမှာ သူမ ပွေ့ဖက်ချော့မြူ ခံရမယ်

မေမေနဲ့ သူမကို အခက်ခဲတွေနဲ့ ပြည့်နေတဲ့ ဘဝထဲက ခေါ်ထုတ်ပေးမယ့် ဖိုးဖိုးကို နေ့တိုင်း မျော်နေခဲ့တယ်

အမှန်တကယ်တော့ ဒါတွေက ကလေးတယောက်ရဲ့ စိတ်ကူးယဉ် အိမ်မက်လေး ဖြစ်ခဲ့ပါတယ်

ဘဝက တခါတလေတော့ မမျှတဘူး
ဒါပေမယ့် သူမအတွက်တော့ အရှုံးပေးဖို့ အကြောင်း လုံးဝ မရှိဘူး

"နင့်အမေက နေမကောင်းဘူးပေါ့"

သူမကိုမြင်တာနဲ့ အားနာပြီး နှုတ်တောင်မဆက်တဲ့ဖိုးဖိုး သူ့လိုရင်းဆီ တည့်တည့် ဦးတည်လိုက်သည်။

"နင့်အမေက စဉ်းစားဉာဏ်မရှိတဲ့ ငတုံးတယောက်ပဲ
ငါစီစဉ်ပေးတဲ့လူနဲ့ မယူပဲ အခြေမြစ် မရှိတဲ့ အစေခံကောင်နဲ့ ခိုးရာလိုက်ပြေးတယ်
ခုတော့ ကြည့်လေ သူရွေးချယ်တာ မှန်ခဲ့လား
ငါလက်ထပ်ပေးတာ လက်ခံမယ်ဆို အခုချိန်
နင့်အမေ အနာဂတ်က လှပနေလိမ့်မယ်"

မိဘတွေကို အထင်သေးပြီး စော်ကားနေတဲ့ ဖိုးဖိုးစကားကို  တုန်ယင်နေတဲ့ လက်လေး‌တွေ ကျစ်ကျစ်စုပ်ထားပြီ သူမဒေါသထိန်းနေရသည်

"နင်ကရော ဘယ်လိုလဲ
ဘာဆက်လုပ်မှာလဲ
ငါသိသလောက်တော့ နင်တက္ကသိုလ် မတက်ဘူး မဟုတ်လား"

ဖိုးဖိုးက သူမတကိုယ်လုံး အပေါ်အောက် သေချာကြည့်နေတယ်။ပြီးမှ အထင်သေးတဲ့ အကြည့်ပြောင်းကာ အပေါ်နှုတ်ခမ်းတွန့်လိုက်ရင်း

"အသက်က ၂၂နှစ် ရှိနေပြီ
ခုထိ အလုပ်လက်မဲ့
အလုပ်တခု ပြုတ်ရင်လည်း နောက်တခုရှာဖို့ ကျောင်းမတက်ထားတော့ ဘယ်အရည်ချင်း ရှိမလဲ"

ဒါဆို ...ဖိုးဖိုးက သူမတို့အကြောင်း စုံစမ်းထားတာပေါ့
သူမနာမည်၊အသက်၊အလုပ်ကိုင်နဲ့ ပညာအရည်ချင်းကစ အကုန် ဖိုးဖိုး သိနေတယ်

နောက်ထပ်ကော ဘာတွေ သိနေမလဲ
သူမအံ့ဩမိ၏

"မေမေက တက္ကသိုလ် မထားပေးနိုင်လို့ ထားဂတ် မတက်ခဲ့တာပါ"

ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေးWhere stories live. Discover now