လွန်ခဲ့သော၃လခန့်က
"အိမ်ပြန်တော့ ကလေးမ သခင်ကြီး မင်းကိုမတွေ့ချင်ဘူး"
အဝေးကမြင်နေရတဲ့ နန်းတော်ကြီးသဖွယ် ကြီးမားထည်ဝါနေတဲ့ အိမ်ကြီးရဲ့ဝင်ပေါက်ဂိတ်တံခါးမှာ အဖြူမဲဝတ်စုံပြည့်ဝတ်ထားတဲ့ တံခါးစောင့်လူကြီးက ခက်ထန်တင်းမာတဲ့အကြည့်နဲ့ သူမကို ထပ်ပြောလိုက်တယ်
သူမကို အထင်သေးပြီး ကိုယ်ချင်းမစာတဲ့လူကြီးရဲ့အမူအရာကို သူမ ဂရုမစိုက်နိုင်ပါ။
ကြီးမားပြီးလှပနေတဲ့ သံတံခါးရှေ့ကို သူမ မနက်စောစောလာပြီး သူမရဲ့ဖိုးဖိုးကို တွေ့ခွင့်တောင်းသည်။ ဖိုးဖိုးတွေ့ခွင့်ပေးဖို့ ရပ်စောင့်နေပြီး ညမိုးချုပ်မှ သူမအိမ်ပြန်ခဲ့သည်မှာ ဒီနေ့နဲ့ဆို ၅ရက်ရှိပါပြီ။
တနေကုန် ရပ်စောင့်နေချိန် ရေငတ်လိုက်၊ဗိုက်ဆာလိုက်နဲ့ အေးလွန်းလို့ တုန်ယင်နေတာတွေက သူမရဲ့ ပြင်းပြနေတဲ့ ဆန္ဒကို လက်မလျော့စေပါ။
"ထားဂတ်ရဲ့ဖိုးဖိုးကို တွေ့မှဖြစ်မယ်
သေရေးရှင်ရေး အရေးကြီးလို့ပါရှင် "
သူမရဲ့ကွဲအက်နေတဲ့အသံနဲ့ အရင်နေ့တွေကအတိုင်း အသနားခံသလို တံခါးစောင့်ကို ပြောလိုက်တယ်။စိတ်တိုသွားတဲ့လူကြီးက သက်ပြင်းချရင်း ဒေါသထိန်းကာ
"သခင်ကြီးက မင်းကိုမသိဘူးလို့ ပြောတယ်"
"ဘာကိုမသိတာလဲရှင်။ ထားဂတ်က ဖိုးဖိုးရဲ့ မြေးအရင်းပါရှင်"
သူမအမှန်တကယ် ဒီစကားပြောခဲ့သည်မှာ အကြိမ်များစွာ ရှိပါပြီ။
"ထားဂတ်မေမေ ဒေါ်ထိပ်ထားကုဠေက ဖိုးဖိုးရဲ့
တစ်ဦးတည်းသောသမီးပါရှင်"
"ဒါဆိုဘာလို့ သခင်ကြီးက မသိတာလဲ"
လူကြီးက ခြံအရှေ့ထွက်လာပြီး သူမကို ခြိမ်းခြောက်လိုက်သည်။
"အခုထွက်သွား............. သခင်ကြီးက နင့်ကို
မောင်းထုတ်ဖို့ ငါတို့ကို အမိန့်ပေးလိုက်တယ်
ပါးစပ်ကပြောနေလို့မှ မသွားရင် လက်ပါရလိမ့်မယ် ။ သွားတော့........ သွား"
YOU ARE READING
ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေး
Romanceမဂ်လာပွဲမှာ အသုဘဝတ်စုံလိုဝတ်ပြီး ပွဲတက်တဲ့သတိုးသမီးက ကမ္ဘာပေါ်မှာ မင်းတယောက်ပဲ ရှိမယ် 🌺 မာန်ဝင့်ထည်ဝါ ထားဂတ် ရှင့်ကို မချစ်ဘူး ဟုတ်တယ် ရှင့်ကိုချစ်မိသွားလို့မရဘူး 🌺 ထားဂတ်ကုဠေ #Translated novel
