10.6K 300 40
                                        

*စာမဘဝအစ*

"စာမ..စာမ.."

ကျုပ်နာမည်က ဗေဒါလှိုင်း။ ရွာထဲကခေါ်ကြသည်က စာမ နာမ်မည်အရင်းပျောက်ပြီး စာမလို့သာခေါ်ကြသည်။ခေါ်ကြတဲ့အကြောင်းရင်းကလည်း ရှိတာကို အခုမအသက်က ၁၂နှစ် တစ်ရွာလုံးရဲ့ အော်ကြောလန် မလန်လို့ရမလား ဘယ်နားမှာ ဘာဖြစ်လို့ ဆိုတာနဲ့ အရှေ့ဆုံးကစာမပဲ ။ငယ်ငယ်ကတည်းက ခေါင်းရိတ်မခံတဲ့ကလေးမို့ ဆံပင်က ​ေကျာထောက်နဲ့ ပါးဖောင်းဖောင်း ညိုစိုစိုနဲ့ စာကလေးကြော်ဆို ထမင်းနှစ်ဇလုံ စားနိုင်တဲ့ကလေး။ဘယ်အိမ်မှာ စာကလေးကြော်ရှိသယ်ဆို အဲဒိ့အိမ်ရောက်ပြီးသားပဲ။အဲဒိ့ကြောင့်ပဲ နာမ်မည်အရင်းပျောက်ပြီး စာမလို့သာခေါ်ကြသယ်။လူက နွဲ့တဲ့တဲ့ မျက်နှာလှတဲ့ကလေးမို့ ရွာရှိလူကြီးအပေါင်းအသင်းသူငယ်ချင်းတွေကအစ ချစ်ကြသည်။ဘယ်သွားသွား သူငယ်ချင်း၄ယောက်တစ်တွဲတွဲ နဲ့မို့ ရွာထဲကလူကြီးတွေက စာမတို့အဖွဲ့ဆို အိမ်သွားလည်ရင် လန့်ကြသည်။အခုလည်း လေးယောက်သား ရဲမင်းသီဟတို့အိမ်ဖြစ်တဲ့ သူကြီးဦးချောရှေ့ရောက်နေလေပြီ။အဖွဲ့ရဲ့ပြစ်မှုကတော့ ကြက်ပွဲရဲ့ ကင်းထောက်လုပ်နေတုန်း ​ကြက်ပွဲက လူတွေက ပြေးကုန်ပြီ သူတို့အဖွဲ့က ငှက်ကင်နေရင်း သူကြီးတို့အဖွဲ့မိသွားလို့လေ။

"မင်းတို့ကွာ ဟမ် ရဲမင်း မင့်ကသူကြီးသားဖြစ်ပြီး ​ကြက်ဝိုင်းကိုကင်းထောက်လုပ်ပေးရသလား ​ကြက်ဝိုင်းရှိရင်တောင် မင့်အမေလင် ငါသူကြီးကို အဖေဆိုပြီး လာတိုင်ရမှာလေ ခွေးသားရဲ့"

"အဖေ့သားပဲ ခွေးသားလို့ပြောရင်လည်း အဖေပဲခွေးဖြစ်မှာပဲ"

"ဟေ့ကောင် ရဲမင်းသီဟ ငါလုပ်ရင်သေတော့မယ် ဟိုကောင်စာမကရော မင့်ကမတားဘူးလားဟမ်"

"ဟာဗျာ ဦးချောကလည်း ကျုပ်ကမလုပ်ဘူးပြောသယ် သူတို့က ငှက်ကင်ကြွေးမယ်ဆိုလို့"

"တောက် ဒီကောင်တွေကွာ"

သူကြီးက မျက်နှာကြီး နီရဲနေအောင် ဒေါဒဖြစ်နေပြီ။ကျုပ်တို့ကြောင့်တော့မဟုတ် ကြက်ဝိုင်းကလူတွေကို တစ်ယောက်မှ မမိလို့ဖြစ်သည်။​ကြက်ဝိုင်းကလူတွေကလည်း ဒေါသပုန်ထနေလောက်ပြီ ဒီကောင်တွေ ကင်းစောင့်ထားမှ ဝိုင်းထဲထိ သူကြီး ရောက်လာရတယ်လို့ဆိုပြီး။

ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)Where stories live. Discover now