Chapter-4(The Right person,the wrong time?)4/ 1(part-3)

4 0 0
                                        

မမျှော်လင့်စွာပင် မစ္စတာရှိန်းက နောက်ဆုတ်စိတ်ပြောင်းသွားသည်။ လူတိုင်းနှင့်အိပ်ပြီးလိင်ဆက်ဆံသူအဖြစ် ကျွန်တော့်အားဆေးရုံတွင် အော်ဟစ်ခဲ့သော်ငြား ပြည့်တန်ဆာမှုနှင့်ပြည့်တန်ဆာကိုဝယ်ယူခြင်းက နှစ်ဖက်လုံးမှကျူးလွန်ခြင်းဖြစ်သည်။မစ္စတာရှိန်းအနေဖြင့် ဂုဏ်သိက္ခာနှင့် လူမှုအဆင့်အတန်းများကို ထည့်တွက်ရဦးမည်။အဆုံးတွင် အကြမ်းဖက်မှုကို နှစ်သက်သည့်စုံတွဲမှ လွန်လွန်ကြူးကြူးဖြစ်ရင်း ရှုပ်ထွေးသည့်အခြေအနေသို့ ပြောင်းသွားခြင်းဖြင့် ဖြစ်ရပ်တခုလုံးကို ခဝါချလိုက်သည်။မစ္စတာရှိန်းက တာဝန်အပြည့်အဝယူရမည်ဖြစ်ပြီး အပျက်အဆီးအားလုံးကို လျော်ကြေးပေးရမည်ဖြစ်သည်။ထိုသို့ကြားရသည်က ကျွန်တော်အားမအီမသာဖြစ်စေသော်လည်း ထိုအတိုင်းသာ လွှတ်ပေးလိုက်ရန်ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်က ပိုဆိုးသည့် ရုတ်ရုတ်သဲသဲအခြေအနေတခုထိ ဆွဲသွားခြင်းထက်ပိုကောင်းပုံရသည်ပင်။

ကမောက်ကမအခြေအနေကို ကျော်လွန်ပြီးနောက် ကျွန်တော်ရှိရမည့်နေရာသို့ ကျွန်တော်သည် ပြန်ရောက်လာသည်။နှလုံးသားထဲမှ မရေမရာမှုများနှင့် ဦးခေါင်းမှချုပ်ရိုးများဖြင့် ရဲစခန်းအပေါက်ဝတွင် ကျွန်တော်မတ်တပ်ရပ်ရင်း လမ်းပျောက်နေခဲ့သည်။ယနေ့ညအဖြစ်အပျက်သည် ကျွန်တော့်အား နောက်ထပ်ဘယ်သွားရမည်ကို မသေချာဘဲ အံဩမှု့များဖြင့် ချန်ထားခဲ့သည်။

ဒုရဲအုပ်ခရစ်က ကျွန်တော့်ဆီ လျှောက်လာခဲ့သည်။သူသည် ကျွန်တော်က နေရာတွင် ကြောင်ပြီးရပ်နေသည်ကို မြင်သောအခါ ကျွန်တော့်ဆီ လျှောက်လာသည်။

..'မင်း..ဘယ်လိုပြန်မှာလဲ?'..ဟု သူက မေးသည်။

ကျွန်တော်သည် သူ့အား ဇဝေဇဝါကြည့်ရင်း တိုးတိုးပြောလိုက်သည်။
..'ဘာပြောတာလဲ?'..

သက်ပြင်းမချခင် ဒုရဲအုပ်ခရစ်သည် ခဏကြောင်သွားသည်။ကျွန်တော့်အခြေအနေက သူ့အနေနှင့်တခုခုကို ပြောရန်ပင် သနားစရာကောင်းနေသည်။

..'မင်း..ဘယ်မှာနေတာလဲ?..ကိုယ် မင်းကို အိမ်ပြန်ပို့ပေးမယ်'...

လပ်ဖ်အော့စီလွန်Where stories live. Discover now