ဒုတိယအကြီမ်ပြန်ချစ်ခွင့်။ (အပိုင်း-၃၉)
ဆည်းဆာနာနေခန်းမှာထိုင်နေရင်း ယွန်းဝင်လာ
တာမြင်တော့ပြုံးပြလိုက်ပြီး ယွန်းကသူမဘေး
နားလေးမှာဝင်ထိုင်လိုက်လျှင် သူမလက်မောင်
ပေါ်ခေါင်းလေးစောင်တင်လိုက်သည်
" ပင်ပန်းလို့လား ယွန်း.....
" ဟုတ်တယ်မမဆည်းဆာ....ဒီရက်ပိုင်းအရမ်း
ပင်ပန့်းတယ် အလုပ်မှာရော အချစ်ရေးမှာရော
" အံမယ်...ငါတို့ယွန်းကအချစ်ကြောင်းပြော
လို့ပါလား...ပြောပါအုံးအချစ်ရေးကြောင်း
အေကန ကောင်လေးရနေပြီလား
" အဟီး.....ကောင်လေးတဲ့နာဝင်ချိူလိုက်တာ
ဒါမဲ့ ကောင်လေးမဟုတ်ဘူး Crush ဖြစ်နေ
တယ်မမဆည်းဆာရဲ့......
" အမ်.....Crushလား ပင်ပန်းတယ်ဆိုတော့
မမစိတ်ထင် ကောင်လေးနဲ့အဆင်ပြေဘူးလား
လို့ထင်တာ.....crush ပြန်မချစ်လို့လား....
ယွန်း မျက်လွှာလေးတစ်ချက်ချလိုက်ပြီးလျှင်
သက်ပြင်းအရှည်ကြီးပါချလိုက်သည်
" ဟုတ်တယ်မမဆည်းဆာ.....ယွန်းဘက်ကစ
ပြီးဖွင့်ပြောတော့ သူဘက်ကငြင်းတယ် ဘာလို့
လဲလို့မေးတော့ အသက်အရမ်းကွာတယ်ပြီး
တော့လဲ ယွန်း သူက Type မဟုတ်ဘူးတဲ့ ဘာ
ဖြစ်လို့များယွန်းကိုပြန်မချစ်တာလဲမသိပါဘူး
မမရဲ့.....
" သူနဲ့ကအသက်ဘယ်လောက်တောင်ကွာလို့
လဲယွန်း.....
" ၈နှစ် မမဆည်းဆာ....
"၈နှစ်ထဲကွာတာကို သူကများငါညီမလေးကို
များငြင်းရတယ် ဒီလောက်ချစ်ဖို့ကောင်းပြီး
စိတ်ထားကောင်တဲ့ ယွန်းလေးကိုများ....ဒါနဲ့
သူကဘယ်သူလဲ ယွန်း.....
" ဟီး....ဆေးရုံအုပ်သူငယ်ချင်း ကိုသန့်ဇင်
" အော်...အင်း....အမ်....ဟမ်...ကိုသန့်ဇင်..
ယွန်းကြိုက်နေတာ ကိုသန့်ဇင်လိုပြောတာလား
ဆည်းဆာ ယွန်းပြောလိုက်တော့ရောင်ပြီး
"အော်' လို့်ပြောမိပြီးပြီးမှ သတိဝင်ပြီးသေ
ချာမေးရသည်
" ဟဲဟဲ....ဟုတ်တယ်မမ....
" အဆို ကိုသန့်ဇင်က ယွန်းကိုငြင်းလိုက်တယ်
ပေါ့... ...
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
