ဒုတယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း-၃၇)
👉 🚨🚨မကြိုက်သူများ Facebook မှာဖတ်
ပေးနော်👈
ဆည်းဆာ နေ့လည်ဂျူတီထွက်လာသဖြင့်နား
နေခန်းထဲဝင်လာကာ ဟိုဘက်ဒီဘက်ဇက်လဲ
ချိူးပြီး ခုံပေါ်ထိုင်ချလိုက်ကာ အင်္ကျီအိပ်ကပ်
ထဲက ဖုန်းကိုဖွင့်ကြည့်ပြီး မျက်နှာညိုးနွမ်း
သွားရသည် သူမလဲ မက်ဆေ့ထဲဝင်ပြီး မက်ဆေ့တစ်ဆောင်ပို့ပေးလိုက်သည် သူမလဲ
မက်ဆေ့ပို့ပြီးတာနဲ့ဖုန်း အိပ်ကပ်ထဲပြန်ထဲပြီး နားနေခန်းမှာ ထားတဲ့ကုတင်ပေါ်လှဲချပြီး ခဏ
လောက်မှေးနေလိုက်သည် ထိုစဥ်
ဖုန်းသံမြည်တော့ ဆည်းဆာ ငေါက်ခနဲ့ထ ထိုင်
လိုက်ပြီး ဖုန်း စခွင်း ကိုကြည့်မိတော့ သူမထင်
တဲ့သူမဟုတ်တော့ စိတ်ထဲဝမ်းနည်းသွားရ၏
ဝမ်းနည်းတဲ့စိတ်ကို တံတွေးမြိုချပြီး ဖုန်းကိုင်
လိုက်သည်
" 📲 ဟဲလို အမေ.....
"📲 သမီးငယ် ဂျူတီထွက်ပြီလား.....
"📲 အခုပဲထွက်လာတာ အမေ.....ဘာဖြစ်လို့
လဲ.....
"📲 သားထင် ဖုန်းလှမ်းဆက်လို့ သမီးကိုဖုန်း
ဆက်ပြီး ထမင်းကိုဝင်အောင်စားပါတဲ့ မစာလဲ
နည်းနည်းလောက်ဖြစ်စားတဲ့ ညနေသူပြန်လာ
ရင်ဘာဝယ်ခဲ့ရမလဲတဲ့ ဘာစားချင်လဲတဲ့....
"📲 ဘာမှမဝယ်ခဲ့နဲ့...ဘာမှမစားချင်ဘူးလို့...
ပြောလိုက်အမေ.....
"📲 ဟယ်....ဒီကလေး.....
ဆည်းဆာလဲ ပြောချင်တာပြောပြီး ဖုန်းချလိုက်
သည် စိတ်ထဲမှာလဲ သူကိုပြောဆိုနေမိ၏
" လူကိုကြတော့ ဖုန်းလေးတောင်တစ်ချက်မ
ဆက်ဘူး အမေကိုကြတော့ဆက်တယ် ဖုန်းမ
ဆက်အားရင်လဲ မက်ဆေ့တစ်စောင်တော့ ပို့
ထားပါလား ဒါလားချစ်တာ".. ဆည်းဆာ စိတ်
ထဲမှာပြောချင်ရာတွေပြောပြီတာနဲ့ Toilet ထဲ
ဝင်လာကာ မျက်နှာသစ်လိုက်ပြီး ဂျူတီပြန်ဝင်
လာတော့သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးအောင်မိုးဖမ်းခံရထဲက ထင် မအားလျှပ်ပဲ
အမူနောက်ကိုပဲတောက်လျှောက်လိုက်ပေးနေ
ရသည် ဦးလေးသာပါဝင်ပတ်သက်နေရင် ခွင့်
မလွှတ်ဘူးလို့စိတ်ထဲကျိန်းထားပင်မဲ့လဲ မာတာ
မီခင် ဒေါ်ယဥ်ယဥ်နွယ်က သူကိုတိုင်လဲစိတ်ဆိုး
ပင်မဲ့ ထောင်ထဲမှာတော့အကြာရီးပေးမနေစေ
ချင်ပါဘူးတဲ့ ဒါကြောင့် ဖခင်ဖြစ်သူ ဦးမဟာနဲ့
သားဖြစ်သူ ထင်မဟာနွယ်တို့မှာ ဦးအောင်မိုး
ကျူးလွန်ထားတဲ့ အမူသုံးခုမှာ နှစ်ခုဖြစ်တဲ့
ဦးထိန်လင်းနဲ့ Top Star ကသူဌေးတွေကို သွား
တောင်းပန်ပြီး လိမ်ထားတဲ့ငွေတွေကိုပြန်ပေး
ပြီး အမူကိုကြေအေးပေးဖို့ ဦးထိန်းလင်းဘက်
က ဦးမဟာကသူငယ်ချင်းဖြစ်လို့ ငွေယူပြီး
တိုင်ချက်ဖွင့်ထားတာကိုပြန်ပိတ်စေခဲ့သည်
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
