❄️part-36❄️

8.9K 105 2
                                        

ဒုတယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း-၃၆)

ဦးအောင်မိုးသူလုပ်ရပ်တွေဗူးပေါ်သလိုပေါ်
ကုန်တော့ အစ်မဖြစ်သူကိုကြည့်မိတော့ သူကို
သူစိမ်းစမ်တဲ့မျက်လုံးတွေနဲ့ကြည့်နေ၏

" အဲ့တာ...ငါမဟုတ်ဘူးနော်...အစ်မငါမလုပ်
ဘူး....

ဦးအောင်မိုး ဒေါ်ယဥ်နွယ်အရှေ့ဒူထောက်ထိုင်ချပြီး သွေး
ရူးသွေးတမ်းနဲ့သူမဟုတ်တဲ့အကြောင်းရှင်းပြ
နေပြီး ဒေါ်ယဥ်နွယ်ကတော့ သူကိုမကြည့်ပဲ
တစ်ဖက်ကိုအကြည့်လွဲထားသည်

" သမီး ဂျူလီယာ အဲ့တာဖေဖေမဟုတ်ဘူး
နော်....အဲ့ကောင်ထင်မဟာနွယ်လုပ်ကြံဇတ်ခင်းတာ...မယုံကြနဲ့....

" ဖေဖေရယ်....အဟင်း....ဘာလို့များဒီလိုလုပ်
ရက်မျိူးလုပ်ရတာလဲ.....ဟီး....အင်း..

" ငါ....ငါမလုပ်ဘူး...မပြောနဲ့...အစ်မငါကိုယုံ
နော်....အစ်မငါပြောတာယုံပါဟာနော်.....

ဦးအောင်မိုး ထိုသို့ပြောတော့ ဒေါ်ယဥ်နွယ်
ထရပ်လိုက်ကာ ဦးအောင်မိုးကိုတည့်တည့်ကြ
ည့်ပြီး...

" ငါမှတော့ ဟိုငယ်ငယ်လေးထဲကငါမောင်လေး ငါတို့အိမ်
ကအငယ်ဆုံးလေးဆိုပြီးချစ်လိုက်ရတာ အဖေ
နဲ့မေဆူရင်တောင် ငါမှသူဘက်က ကာကွယ်
ပေးလိုက်ရတာ အဖေနဲ့အမေမရှိကြတော့လဲ
ငါမောင်လေး ပညာတက်ဖြစ်စေချင်တဲ့စိတ်
နဲ့ ငါကျောင်းထွက်ပြီးအလုပ်လုပ်ခဲ့တယ် လုပ်
ငန်းခွင်မှာ ငါယောက်ကျားနဲ့တွေတော့လဲ သူ
လက်ထက်ခွင့်တောင်းတော့ သူကိုချစ်တဲ့စိတ်
တစ်ခုထည်နဲ့မဟုတ်ဘဲ သူနဲ့သာလက်ထက်
လိုက်ရင် ငါမောင်လေးလဲအဆင်ပြေမယ်ဆို
တဲ့စိတ်နဲ့ငါယူခဲ့တယ် နင်မိန်းမရပြီးဒုက္ခရောက်
နေတုန်းကလဲ မသိသလိုရောသိသလိုရော
အဘက်ဘက်ကငါကူညီခဲ့တယ် နင်မိန်းမဆုံး
သွားပြီး အဆက်အသွယ်တွေပျက်သွားတော့
ငါ...ငါမှာနင်စိတ်နဲ့အိပ်ယာထဲလဲခဲ့ရတယ်
ငါမောင်လေးအဆင်မှပြေရဲ့လားဘယ်မှာနေ
ပြီးဘာတွေများလုပ်နေမလဲဆိုပြီးငါမှတွေးပူ
နေခဲ့ရတယ် နင်ပထမဦးဆုံးအိမ်ရောက်လာတဲ့
နေကငါဘဝမှာအပျော်ဆုံးပဲ....နင်...နင်ကတော့ငါစီပြန်လာတာ...အကြံညဏ်တွေနဲ့ပါလား..
ဟင်း.....ဟီး......ငါမှတော့ငါမောင်းလေးကို
ချစ်လိုက်ရတာ....သူ....သူကတော့ငါကိုတစ်
လျှောက်လုံးမနာလိုနေခဲ့တာတဲ့....ဟီး....အဟင်း...........ပြီးတော့ နင်တူဖြစ်တဲ့ငါသားဘဝ
ကိုလဲဖျက်စီးတယ် ငါသားမိသားစုလေးနင်
ကြောင့်နဲ့ပြိုကွဲခဲ့ရတယ်...နင်..ဘယ်လိုစိတ်
နဲ့များလုပ်ရက်ရတာလဲ အောင်မိုးရဲ့ အဖေနဲ့
အမေ ငါတို့နင်ကိုဆုံးမခဲ့တာအခုလိုအောက်
တန်းကျဖို့မဟုတ်ဘူးဟဲ့....အင်း....ဟီး....

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now