ဒုတိယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း-၃၅)
ထင်တို့သူငယ်ချင်းလေးယောက်စားသောက်ဆိုင်မှာထိုင်နေစဥ် ဦးအောင်မိုးလက်ကိုတွဲကာ
ဝင်လာတဲ့ဝတ်ရည်မေကိုကြည့်ပြီး လေးယောက်သား တစ်ယောက်နဲ့တစ်ယောက်
ပြန်ကြည့်ရတဲ့အဖြစ် လေးယောက်သား သူတို့
ကိုမြင်မှာဆိုးလို့ စားပွဲပေါ် မျက်နှာငုံချလိုက်
တော့သည် သူတို့ဝိုင်းကိုကျော်ပြီးအထဲဝင်
သွားလို့တော်သေးတာပေါ့
" ဟူး.....အမြင်သွားလို့(ထူးအောင်)
" ဟုတ်ပ ဒါနဲ့ သူတို့နှစ်ယောက်ကဘယ်လို့သိ
တာလဲ ပြီးတော့နှစ်ယောက်လက်တွဲထားတယ်
(ပြည့်စုံ)
"တစ်ခုခုတော့ တစ်ခုခုပဲ...(သန့်ဇင်)
"ဝုန်း....
"ဟာ... ထင် ဘယ်သွားမလို့လဲ....
သန့်ဇင်တို့စကားပြောနေကြရင် ထင် ထရပ်ပြီး
ဝတ်ရည်မေတို့နားသွားတော့မှာမို့ ပြည့်စုံမှာမ
နည်းဆွဲထားရသည်
" ငါ သိချင်တယ်ကွာဒီကိစ္စမှာငါဦးလေးပတ်
သက်နေလို့ကတော့ ခွင့်မလွှတ်ဘူး(ထင်)
" မင်းသွားမေးတော့ရော သူတို့ကဖြေမယ်ထင်
လား ဘာမှမထူးဘူး.....(ပြည့်စုံ)
" နေကြအုံး...ငါပြန်လာမယ် (ထူးအောင်)
ထူးအောင် ထိုင်နေတဲ့ဝိုင်းကနေထပြီးကားထား
တဲ့နေရာကိုသွားကာ ကားထဲကအသံသွင်းစက်
သေးသေးလေးယူလာခဲ့သည်
" ဘယ်သွားတာလဲ မေဘေး....(ထင်)
" ငိုးမသား...သိချင်တယ်ဆိုလို့လဲကြံပေးရ
သေးတယ် ီး...(ထူးအောင်)
" ကဲ..မင်းတို့နှစ်ကောင်ကိုက်မနေကြနဲ့နော်...
ထူးအောင်ဘာကြံမလို့လဲလုပ်..(သန့်ဇင်)
ထူးအောင် အနားကဝိတ်တာလေးကိုလှမ်းခေါ်
ကာ ဒီဟာလေး အဲ့ဝိုင်းအောက်ကိုထားပေးပါ
လို့ပြောတော့ ငနဲသားက လုပ်ပေးလို့မရဘူးတဲ့
ဒါနဲ့ပဲ ထင် ကတစ်သောင်းတန်၅ရွက်ထုတ်ကာ
ပေးလိုက်တော့ ချက်ချင်း လုပ်ပေးမယ်တဲ့ အဲ့
တာနဲ့ ဝတ်ရည်မေနဲ့ဦးအောင်မိုးပြောတာတွေ
အသံသွင်းထားလိုက်တော့သည် နောက်တစ်
နာရီလောက်ကြာသွားတော့ ဝတ်ရည်မေတို့ထွ
က်သွားတာနဲ့ ပြည့်စုံကပြေးပြီး စက်ကိုသွား
ယူကာ စားသောက်ဆိုင်ထဲကနေပြန်ထွက်လာ
ကြပြီး တစ်ယောက်ထဲနေတဲ့ ထူးအောင်အိမ်ကို
လေးယောက်သားချီတက်ကြသည်
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
