ဒုတိယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း-33)
ဆည်းဆာရှက်ရှက်နဲ့အပြင်ပြေးထွက်လာပြီး
Kitchan ထဲမှာသားဖသုံးယောက်အတွက်မနက်
စာပြင်ပေးနေ၏ အနမ်းခံလိုက်ရတဲ့ပါးကိုလဲ
လက်နဲ့စမ်းပြီးပြုံးနေမိ၏ မျက်နှာတစ်ခုလုံးလဲ
ခရမ်းချဥ်သီးအမှည့်လို့နီရဲနေလေသည်
ထင် သမီးနှစ်ယောက်ကိုလက်ဆွဲပြီး မနက်စာ
ဝိုင်းကိုလာခဲ့တော့ ခုံမှာခေါင်းငုံပြီးထမင်းစား
နေ၏ ဘယ်လောက်တောင်မှရှက်သွားလဲမှမ
သိတာ
" အဟွန့်......ကိုယ်မစားသွားတော့ဘူးနော်မာမီ
ခေါ်လို့သွားလိုက်အုံးမယ်မိန်းမ......
ထင် ထိုသို့ပြောတော့ ဆည်ဆာလဲခေါင်မော့
ပြီး
" ပြင်ပြီးထားပြီလေ စားပြီးမှသွားပါလား....
" ကိုယ်မိန်းမကစားသွားစေချင်တယ်ဆိုတော့
စားသွားပါမယ်......
" သေလိုက်လေ.....
" မသေသေးပါဘူး ကိုယ်မိန်းမကိုချစ်လို့တောင်အဝသေးဘူး....
" ဖေဖေက သဲကြီးနဲ့သဲငယ်ကိုတော့မချစ်ဘူး
ပေါ့......
"မဟုတ်ရပါဘူးဗျာ....ဟော့ဒီကသမီးလေးတွေ
ကိုလဲချစ်ပါတယ် သမီးတို့မေမေကတော့ပိုတာ
ပေါ့......
" ဖေဖေ လူလည်.....
" ဖေဖေလည်တာ ဒီကသမီးတွေကိုမမှီပါဘူးနော်.......
မနက်စာမစားပဒဘယ်သူပိုချစ်လဲပြိုင်နေတဲ့
သားဖတွေကိုဆည်းဆာလဲမနေနိုင်တော့ပဲဝင်
ပြောရတော့သည်
" စကားများမနေနဲ့ စားစရာရှိတာစားပြီးရင်သွားတော့......
" မိန်းမသဘောပါဗျာ......
" ဒီမှာ နားထောင်နေတာအကောင်းမဟုတ်ဘူး
နော် ဘယ်တုန်းကရှင့်မိန်းမဖြစ်သွားတာလဲ...
"ကိုယ်ကလေးတွေကိုမွေးထားမှတော့ကိုယ်မိန်း
မပဲပေါ့........
" တော်ပြီ....ရှင်နဲ့စကားပြောရတာကပ်သီးကပ်
ဖဲနိုင်လွန်းတယ်......
ထင် ဆက်မစတော့ပဲစားစရာရှိတာစားပြီးမာမီ
အိမ်ခဏသွားရမယ် မနက်ကဖုန်းဆက်တယ်
အရေးကြီးလို့ခဏလာခဲ့ပါတဲ့ ဘာဖြစ်လို့များ
ပါလဲ ထင်စားနေတာကိုလက်စသပ်ပြီးထလိုက်
၏
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
