အဲဒီ့လူစိမ်းက တကယ်မရိုးသားဘူးဆိုတာ ပြသာနာဖြစ်တဲ့နေ့ကတည်းက မြင့်ကြည်ထက်ရိပ်စားမိနေတာ။ ခုမိုမို့ပုံစံကြောင့် သူ့သံယကပိုပြီးကြီးထွားလာတယ်။ တစ်ဦးတည်းသောသူငယ်ချင်းမို့ ဘာဖြစ်ဖြစ်ဆိုပြီးလွှတ်မထားနိုင်တဲ့အသိစိတ်ကြောင့် သူတစ်ခုခုလုပ်ဖို့ ကြံမှရပါတော့မယ်။
..............................
မြင့်ကြည်ထက်ကိုနှင်ထုတ်ပြီးတာနဲ့ ကျွန်တော်အိပ်ယာထဲပစ်လှဲမိလိုက်တယ်။ မြင့်ကြည်ထက်ပြောတာမှန်တယ်။ ကျွန်တော် မခံမရပ်နိုင်စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ်လိမ်နေခဲ့တာ။ အကိုပျောက်သွားတဲ့တစ်လအတွင်းမှာ ကျွန်တော် အကို့အပေါ်အရမ်းနစ်၀င်နေခဲ့တာကို လက်မခံချင်လည်းလက်ခံလိုက်ရတယ်။
တီတီတီ....!
'လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်...'
အကိုပျောက်သွားပြီး တစ်ပတ်လောက်ကနေ ခုချိန်ထိ ကတ်ပြားမှာပါတဲ့ဖုန်းနံပတ်ကို ကျွန်တော်ခေါ်လိုက်တိုင်း စက်ပိတ်ထားပါသည်နဲ့ပဲညားနေခဲ့တာ။ ကတ်ပြားမှာပါတဲ့အကို့အလုပ်ကိုလည်း ကျွန်တော်လိုက်သွားခဲ့ပြီးပြီ။ အကိုကိုင်တဲ့Projectပြီးကတည်းက အလုပ်ကိုမလာတော့ဘူးလို့ အဲ့ကလူတွေကပြောတယ်။ သူဌေးတော့သိလိမ့်မယ်ဆိုလို့ သူဌေးနဲ့တွေဖို့ခွင့်တောင်းကြည့်တော့လည်း လက်ခံပြီးမတွေ့။ သူတို့မှာရှိတဲ့ဖုန်းနံပါတ်နဲ့ကျွန်တော့်ဆီကဖုန်းနံပါတ်တိုက်ကြည့်တော့လည်း အတူတူပါပဲ။ သူတို့လည်း ဆက်မရဘူးတဲ့။
အကို့အိမ်ကမြို့ပြင်နားမှာဆိုလို့ သွားရလာရလွယ်အောင်ဆိုင်ကယ်တစ်စီးတောင် အရစ်ကျနဲ့သွားထုတ်လိုက်တဲ့အထိ ကျွန်တော်ရူးနေခဲ့တာ။ ဆိုင်ကယ်နဲ့ပဲ မြို့ပြင်ထိထွက်ပြီး အကို့အိမ်ကိုကျွန်တော်ရှာခဲ့သေးတယ်။ ဒါပေမယ့် အချည်းနှီးပဲ အတော်လေးဝေးဝေးထိကျွန်တော်ရောက်ခဲ့ပေမယ့် အိမ်ဆိုတာတစ်အိမ်မှမတွေ့ခဲ့ပါဘူး။ ကျွန်တော်တို့ဆုံခဲ့ဖူးတဲ့ကော်ဖီဆိုင်က အချိန်တိုင်းရှိတဲ့၀န်ထမ်းတစ်ယောက်ကိုလည်း သူလာရင်ဖုန်းဆက်ပေးနော်ဆိုပြီး ကျွန်တော့်ဖုန်းနံပါတ်နဲ့အကို့ပုံတူပန်းချီကိုတောင် ပေးထားခဲ့သေးတယ်။
YOU ARE READING
Fate Written In Red String
Horrorအဟွန်း! ကိုယ်ကယုတ်မာတာမဟုတ်ဘူး လိုချင်တာကိုရအောင်ယူရုံပဲ လင်းသာဦးမြတ် လူယုတ်မာ! အခုကစပြီး ဘုရားရှိခိုးဖြစ်တိုင်းငါတောင်းမယ့်ဆုက ခင်ဗျားနဲ့ဘ၀အဆက်ဆက်မဆုံပါရစေနဲ့ပဲဖြစ်လိမ့်မယ် မိုခြည်သွေး Fic cover crd by Pinterest Started date- 12.8.2025,Tue
Episode_5
Start from the beginning
