အခုတလော မိုခြည်သွေးပုံစံဟာ မူမှန်မနေပါ။ ဟိုလူပြန်သွားပြီး ရက်နည်းနည်းကြာကတည်းက ပြောင်းလဲနေတာကို မြင့်ကြည်ထက် အရ်ိပ်တကြည့်ကြည့်ကြည့်နေတာမို့ သိနေပြီ။
"မင်း အဲ့လူကိုကြိုက်နေတာလား မိုမို"
အခန်းထဲကပြတင်းပေါက်ဘောင်မှာ လက်တင်ပြီး အပြင်ကိုငေးနေသူအား မြင့်ကြည်ထက်မေးလိုက်တယ်။ အခန်းတံခါးဘောင်ကိုမှီကာရပ်နေတဲ့သူ့ဘက်ကို မိုမိုက မပြုံးမရယ်မျက်နှာထားနဲ့ငဲ့ကြည့်လာခဲ့ပါတယ်။
"သူအဆင်ပြေရဲ့လားသိချင်ရုံပဲလို့ မင်းကိုပြောတာ ဆယ်ခါမကတော့ဘူး မြင့်ကြည်၊ သူငါ့ကြောင့်ဒဏ်ရာရပြီး ပျောက်ချင်းမလှပျောက်သွားတာ တစ်လလောက်ရှိနေပြီမို့ ငါစိတ်ထဲနေရထိုင်ရအဆင်ပြေမနေဘူး။ ဒီလောက်ပဲ..."
"ညာနေတယ်။ ငါ့ကိုလည်း ညာတယ်။ မင်းကိုယ်မင်းလည်း ညာနေတယ်။ မင်းပုံစံက တဖြည်းဖြည်းနဲ့အရင်ကလိုမဟုတ်တော့ဘူး မိုမို၊ မင်း အဲဒီ့လူအပေါ် သောက်ရမ်းရူးသွပ်နစ်၀င်နေသလိုမျိုးကိုဖြစ်နေတာ...မင်းကိုယ်မင်းလည်း သိလိမ့်မယ်။ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"
"ငါမင်းနဲ့ရန်မဖြစ်ချင်ဘူး မြင့်ကြည်၊ မင်းသွားလိုက်တော့"
မျက်ခုံးတွေကိုထိလုမတတ်တွန့်ချိုးပြီး သူ့ကိုစိမ်းစိမ်းကားကြည့်ကာ ပြောလာတယ်။ မိုမိုနဲ့သူ စိတ်ဆိုးဒေါသထွက်ပြီး ရန်ဖြစ်ကြတာမျိုးရှိဖူးပေမယ့် အခုလိုအစိမ်းသက်သက်အကြည့်ကြီးနဲ့တော့ တစ်ခါသော်မှမကြည့်ဖူးခဲ့ပါ။ နောက်ပြီး အကြောင်းအရင်းကိုသိနေတော့ သူရင်ပိုနာရပါတယ်။
"ဘာလဲ...ငါ့ကိုနှင်ထုတ်နေတာ ငါကွယ်တာနဲ့ မင်းအဲ့လူကိုသွားရှာအုံးမလို့လား။ အဲဒီ့လူပုံစံကမရိုးသားဘူး မိုမို၊ အခုပျောက်သွားတာကလည်း မင်းကိုသူကစားနေတာပဲဖြစ်မှာ...စောက်ရူးထမနေစမ်းနဲ့"
"မင်းသွားစမ်းကွာ... သွား! ထွက်သွား ငါ့အခန်းထဲက!"
ပြတင်းပေါက်နားကနေ သူ့အနားကို၀ုန်းဒိုင်းရောက်လာပြီး ရင်ဘတ်ကနေဆောင့်တွန်းထုတ်ကာ တံခါးကိုအုန်းခနဲမြည်အောင်ပိတ်ချသွားတယ်။ မြင့်ကြည်ထက် မချိတင်ကဲစိတ်နဲ့ တောက်တစ်ချက်ကိုခတ်ကာ တံခါးကိုခြေထောက်နဲ့တစ်ချက်ဆောင့်ကန်ခဲ့လိုက်တယ်။ အဲ့လူနဲ့ပတ်သက်ရင် မိုမိုက သူ့အပေါ်ဆက်ဆံပုံကအစ ပြောင်းလဲသွားတယ်။
YOU ARE READING
Fate Written In Red String
Horrorအဟွန်း! ကိုယ်ကယုတ်မာတာမဟုတ်ဘူး လိုချင်တာကိုရအောင်ယူရုံပဲ လင်းသာဦးမြတ် လူယုတ်မာ! အခုကစပြီး ဘုရားရှိခိုးဖြစ်တိုင်းငါတောင်းမယ့်ဆုက ခင်ဗျားနဲ့ဘ၀အဆက်ဆက်မဆုံပါရစေနဲ့ပဲဖြစ်လိမ့်မယ် မိုခြည်သွေး Fic cover crd by Pinterest Started date- 12.8.2025,Tue
