❄️part32❄️

9.3K 116 4
                                        

ဒုတိယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း-၃၂)

အခုဆိုရင် အားလုံးရဲ့နားချမူကြောင့်ဆည်းဆာ
ကိုကြီးနဲ့တစ်အိမ့ထဲနေနေရပြီဖြစ်တယ်
အမေတို့တွေပြန်သွားတော့ တစ်အိမ်လုံးမှာ
ကိုကြီးရယ်သူမနဲ့ သမီးနှစ်ယောက်ပဲရှိတော့
တယ် ကိုကြီးနှင့်နှစ်ယောက်ထဲဆိုတဲ့စိတ်က
သူမကိုအနေခက်စေတာတော့အမှန်ပဲ သူက
တော့ အနေမခက်တဲ့အပြင် ဧည်ခန်းထဲမှာ
သမီးတွေနဲ့ဆော့နေတာ ဆူညံနေရောပဲ ဘယ်
ထဲကနေချင်နေလဲမသိပါဘူး ခွင့်ပြုလိုက်တာ
နဲ့ သူကွန်ဒိုကိုပြန်သွားပြီးချက်ချင်းအဝတ်စား
တွေသွားယူတော့တာပါပဲ သူရောက်လာတော့
သူမက ကလေးနှစ်ယောက်အခန်းမှာလာနေရ
သည် သူကတော့သူမအခန်းပေးရတာပေါ့
ဆည်းဆာ အတွေးလွန်နေစဥ်

" ဒေါက်.....ဒေါက်....ကလေးငယ် သမီးတွေ
အိပ်ပျော်သွားပြီ

ဆည်းဆာလဲ ထိုင်နေရာမှထပြီးအခန်းတံခါး
သွားဖွင့်တော့ ပုခုံးနှစ်ဖက်ပေါ်မှာချီပြီးအိပ်နေ
ကြသည် သူသမီးနှစ်ယောက်ခန္ဓာကိုယ်က သေးသေးကွေးကွေးတွေဆိုတော့ သူမို့လို့မ
ညောင်း မွေးထဲကအခုအသက်ရွယ်ထိသူမတစ်
ခါမှ အဲ့လိုမသိပ့်ဖူးဘူး ကလေးတစ်ယောက်ကို
သူမလက်နဲ့ပြောင်းချီလိုက်ပြီး ကုတင်ပေါ်
ဖြည်းဖြည်းလေးချပေးလိုက်တော့သည် ကလေးတွေအနားမှာနေနေရင် ထွက်မသွား
သေးတဲ့ သူကိုကြည့်လိုက်တော့ မျက်နှာငယ်
လေးနဲ့

" ဗိုက်....ဗိုက်ဆာလို့ကလေးငယ်.....

ဆည်းဆာကိုယ်နှာဖူးကိုယ်သာပြန်ရိုက်မိတယ်
အရင်တုန်းကကလေးတွေရောသူမအတွက်ပါ
မနက်ဆာပြင်ဆင်ပင်မဲ့ ဒီနေ့ကကလေးတွေကို
ဆန်ပြုတ်လေးပဲကျွေးပြီး သူမကတော့ဗိုက်
ဆာမှ ခေါက်ဆွဲပြုတ်စားမယ်လို့တွေးထားတာ
သူရှိနေတာကိုမေ့နေတာလေ

" အင်း....ခဏစောက်.....

ဆည်းဆာ KitChan ထဲဝင်သွားကာရေခဲသေတ္တာထဲက ကြက်ဥနှစ်
လုံးထုတ်လိုက်ပြီး ဟက်ပွိုင့်ကြော်ပေးလိုက်
သည် ပြီးတော့ပေါင်မုန့်မီးကင်ပေးလိုက်ပြီး
နွားနို့တစ်ခွက်ပါဖျော်ပေးလိုက်၏ ဘာကြိုက်
တက်မေးမနေတော့ပဲ ဟိုအရင်တုန်းကသူစား
တက်တဲ့ဟာတွေပဲပြင်ဆင်ပေးလိုက်သည် သူမ
လဲ ပြင်ဆင်ထားတာတွေကို သူအခန်းထဲသွား
ပို့ပေးလိုက်တယ် ဘာလို့လဲဆိုသူကသမီးတွေ
အိပ်မှာသူအလုပ်တွေအေးဆေးလုပ်ရတာမို့လို့
( တော်သေးတာပေါ့စိတ်ဆိုးနေလို့ပဲ မိဆည်းဆာ ရယ်🥴)

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now