ဒုတိယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း-၃၁)
ဆည်းဆာ နိုးလာတော့အပြင်မှာတော်တော်မှောင်နေပြီ
ဖြစ်သည် စိတ်ထဲမှာလဲနှောင်ကြည့်နေသဖြင့်
ရေချိူးရန် ရေချိူးခန်းထဲဝင်သွား၏ ခေါင်း
ပါလျှော်ချလိုက်တော့ အတော်ကြီးလန်းသွား
ပေတယ် တပတ်ရင်ချားနဲ့ထွက်လာပြီး ဗီရိုထဲ
ကမီးပူတိုက်ပြီးသား စပန့်ဝမ်းဆက်လေးဝတ်
ကာ သနပ်ခါးရေကြဲလေးလူးပြီး အခန်းပြင်
ထွက်လာတော့သည်
" နိုးလာပြီလား သမီးငယ်'
" ဟုတ်ကဲ့အမေ...မမတို့ပြန်သွားကြပြီလား'
"ဟုတ်တယ်...အမေပဲပြန်လွှတ်လိုက်တာ...လာ
ငါသမီးအကြိုက်...ချဥ်ပေါင်ကြော် ကြော်ထား
တယ်...ထမင်းစားတော့မယ်မလား'
" စားတော့မယ် အမေ...အမွှာနှစ်ယောက်ရော
အမေ'
"အခုပဲအမေဆေးတိုက်ပြီးသိပ့်လိုက်ပြကလေး
နှစ်ယောက်လုံး ကိုယ်နည်းနည်းနွေးနေလို့'
"အဆိုဆည်းဆာသွားကြည့်လိုက်အုံးမယ်နော်'
" ထမင်းအရင်လာစား အခုလေးတင်အပ်သွား
ကြတာ ပြီးမှသွားကြည့်
"ဟုတ်ကဲ့ အမေ
ဆည်းဆာလဲ ဘာမှာထပ်မပြောတော့ပဲ အမေပြောသလိုပဲ ထမင်းအရင်စားလိုက်တော့
သည် ထမင်းစားပြီးတော့ သားမိနှစ်ယောက်
လုံး ကလေးတွေအခန်းဝင်လာကာ နှာဖူးလေး
ကိုလက်နဲ့စမ်းကြည့်တော့ အပူကြသွား၏
အပူကြသွားပင်မဲ့လဲ စိတ်မချလို့ အမေကိုသူမ
အခန်းထဲမှာပေးအိပ်ပြီးဆည်းာကတော့ ကလေးတွေ အခန်းကဆိုဖာမှာ အိပ်နေသည်
ဆည်းဆာ အိပ်နေရင် နားထဲမှာ ညဉ်းသံကြား
ကာ ထကြည့်တော့ သဲငယ်စီကဖြစ်နေ၏
ဆည်းဆာလဲ ကုတင်နားအမြန်သွားလိုက်ပြီး
နှာဖူးလေးကိုစမ်းကြည့်တော့ အဖျားတွေတက်
နေတယ် ထိုတူ သဲကြီးကိုစမ်းကြည့်တောလဲ
အတူတူပါပဲ ဆည်းဆာလဲစိတ်တွေပူပြီး အမေ
ကိုသွားနိုးပြီး အမေက သဲကြီးကို အဖျားကြ
အောင်လုပ်ပေးပြီး ဆည်းဆာကသဲငယ်ကိုလုပ်
ပေးရတယ် အမေရှိလို့တာ်ပါသေးတယ် မဟုတ်ရင် သူတစ်ယောက်ထဲဆို ပြာယာခက်
နေမှာ
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
