"မြင့်ကြည် ဟေ့ကောင် ထစမ်း! ဘယ်မှာလဲငါမှာလိုက်တဲ့ဟင်းချက်စရာတွေ"
အိပ်ယာထက်ကွေးကောက်ကာအိပ်နေသူအား ခြေဖြင့်ကန်ကာနှိုးပြီးမေးနေသော်လည်း သကောင့်သားက နည်းနည်းမှလှုပ်မလာ။
"အိပ်နေတာလား၊ သေသွားတာလား မသဲကွဲဘူး။"
ဆောင့်အောင့်ပြောရင်း အခန်းထဲကထွက်ကာ တံခါးကိုအသံမြည်တဲ့အထိဆောင့်ပိတ်ပစ်လိုက်တယ်။ မကျေနပ်နိုင်သေးတဲ့စိတ်ကြောင့် မီးဖိုချောင်ဘက်ပြန်သွားပြီး မှာလိုက်တဲ့ဟင်းချက်စရာတွေကို အပြန်ပြန်အလှန်လှန်ရှာကြည့်လိုက်သေးတယ်။ မတွေ့တာမို့ ခြေတစ်ချက်ဆောင့်ပြီး တရားခံအားကျိန်ဆဲမိပြန်ပါတယ်။
"ခွေးသတောင်းစား! စနေနေ့တိုင်းစျေး၀င်ပြီးမှပြန်တတ်တဲ့အကောင်က ဘယ်ဟာကိုငမ်းနေလို့ စားဖို့သောက်ဖို့ကိုပါမေ့ခဲ့တာလဲမသိဘူး။ ဒီလောက်မနေ့ညကအာပေါက်အောင်တဖွဖွမှာထားတဲ့ဟာကိုတောင် မေ့ဖြစ်အောင်မေ့ခဲ့သေးတယ်။ နေပါ့စေ ပိတ်ရက်နှစ်ရက်လုံးမင်းကိုအငတ်ထားမယ်။ သောက်တောသားမြင့်ကြည်!"
ပယ်ပယ်နယ်နယ်ကျိန်ဆဲရင်း မျက်နှာချင်းဆိုင်က ကျွန်တော့်အခန်းထဲကိုပြန်၀င်ခဲ့လိုက်တယ်။
"ကိုယ်စောင့်နေတယ်လေ ခြည်"
"ဟ ဘာတုန်းဟ အွီး!"
နားနားကပ်ပြီးပြောသွားသလိုလေသံသဲ့သဲ့ကြောင့် လူကတစ်ကိုယ်လုံးတုန်တက်ကာ ခေါင်းကြီးပါကြီးထွက်သွားသလိုခံစားရလိုက်ပြီး ကြက်သီးတွေပါထလာတယ်။ လက်ကိုဘယ်ပြန်ညာပြန်အချင်းချင်းပွတ်ပြီး ပွင့်နေတဲ့တစ်ခုတည်းရှိတဲ့ပြတင်းပေါက်ကို အပြေးသွားပိတ်လိုက်မိပါတယ်။
"ထူးဆန်းတယ် ထူးဆန်းတယ် ဒီရက်ပိုင်းတကယ်ကိုထူးဆန်းနေတာ၊ နောက်ရက်ကျဘုရားသွားပြီးတရားထိုင်ပုတီးစိပ်အုံးမှပါ"
တွေးဆဆရေရွတ်ရင်း ရေမိုးချိုးဖို့အ၀တ်တွေချွတ်လိုက်တယ်။ ချွတ်ထားတဲ့အ၀တ်တွေကိုလျှော်မဲ့ခြင်းထဲထည့်လိုက်ပြီး သဘက်တစ်ထည်ခါးမှာပတ်ကာ မီးဖိုချောင်ဘေးကတစ်ခုတည်းသောရေချိုးခန်းဆီထွက်ခဲ့တယ်။
YOU ARE READING
Fate Written In Red String
Horrorအဟွန်း! ကိုယ်ကယုတ်မာတာမဟုတ်ဘူး လိုချင်တာကိုရအောင်ယူရုံပဲ လင်းသာဦးမြတ် လူယုတ်မာ! အခုကစပြီး ဘုရားရှိခိုးဖြစ်တိုင်းငါတောင်းမယ့်ဆုက ခင်ဗျားနဲ့ဘ၀အဆက်ဆက်မဆုံပါရစေနဲ့ပဲဖြစ်လိမ့်မယ် မိုခြည်သွေး Fic cover crd by Pinterest Started date- 12.8.2025,Tue
