ဒုတိယအကြိမ်ပြန်ချစ်ခွင်။ (အပိုင်း- ၂၉)
ဆေးရုံအခန်းထဲမှာ အကုန်လုံးထိုင်နေကြပင်မဲ့
အသံတိတ်ဆိတ်နေကြသည် အကုန်လုံးရဲ့မျက်
လုံးတွေကလဲ ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့
ကလေးနှစ်ယောက်စီမှာရောက်နေကြ၏
အားလုံးရဲ့ တိတ်ဆိတ်မူကိုဖြိုခွင်းလိုက်သူက
တော့ ဦးနေဖြစ်သည်
" ဆည်းဆာ မငိုနဲ့တော့လေ ကလေးတွေလဲ
အန္တာရယ်ကင်းသွားပြီလေ ညီမလေးလဲအရမ်း
ပင်ပန်းနေရပြီ'
ကုတင်နားမှာထိုင်ပြီး ကလေးနှစ်ယောက်လက်
လေးကိုကိုင်ပြီး ငိုနေတဲ့ ဆည်းဆာကို ဦးနေမှာ
မြင်ရတာစိတ်မကောင်းဖြစ်ရလွန်း၏ ဦးနေပြောတော့မှ ဒေါ်ထားရီလဲဆည်းဆာနား
သွားပြီး
" သမီးငယ်...တအားမငိုနဲ့ခေါင်းတွေကိုက်မယ်
" အဟင့်....အမေ...သမီးအသုံးမကျလို့..သမီး
ကလေးတွေကိုဂရုမစိုက်မိလို့..သမီးကြောင့်
ဟီး....ရွတ်....အဟင့်.....ဟင့်'
" မဟုတ်တာပဲ ဒီလို့ဖြစ်မဲ့ကံပါလာလို့ပါသမီး
ရယ်...အမေတို့လူတွေအများကြီးရှိနေတဲ့ခြား
ကနေဖြစ်သွားရတာလေ...သမီးကြောင့်မဟုတ်
ပါဘူး'
" ဟုတ်ပါတယ်...ဆည်းဆာရယ် (ထူးအောင်)
ထင် တို့မိသားစုကတော့ ကလေးတွေဘယ်လို့
ထိခိုက်သွားတာလဲဆိုတာ သိချင်နေပင်မဲ့ ကလေးတွေအမေက ငိုနေတော့ သူတို့လဲမေးရ
မှာတွန့်ဆုတ်နေမိသည် ဒေါ်ယဥ်နွယ် ထိုင်နေရာ
မှထပြီး ကလေးတွေရှိတဲ့ကုတင်နားသွားလိုက်
ပြီး နှစ်ယောက်လုံးရဲ့မျက်နှာလေးကိုကြည့်ပြီး
"သားငယ်ငယ်ကနဲ့အတော်တူပါလားလို့' တွေး
မိသည် သူမှာ မြေးတွေရှိတယ်တဲ့ ဒီကလေး
နှစ်ယောက်က သူမြေးတဲ့ ဒေါ်ယဥ်နွယ် ကလေး
နှစ်ယောက်ကို နှာဖူးပေါ်အနမ်းလေးပေးလိုက်
သည်
" အင့်...အဲ့...မေမေ...ဟီး...မေမေ'
ကလေးတွေကိုကြည့်နေရင် ကလေးတွေသတိ
ရလာကာ အမေဖြစ်သူကို ငိုပြီးခေါ်နေသည်
" မေမေသမီးလေးတွေ...မေမေရှိတယ်နော်..
ဟင့်....အဟင့်'
ဆည်းဆာလဲ သမီးနှစ်ယောက်ကိုရင်ခွင်ထဲဆွဲ
သွင်းလိုက်သည်
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
