အချပ်ပို ပြခန်း
*
"အိုင်း၊ ကုအန်း အဲ့ဒီပန်းချီပြခန်းကို ခဏလောက် ဝင်ကြည့်ကြမလား?"
ကုအန်းကို သူ့သူငယ်ချင်းကောင်းက ပန်းချီပြပွဲ အဝင်ပေါက်ကို ဆွဲခေါ်သွားလေ၏။ ထိုအချိန်တွင် သူ့ပါးစပ်ထဲ၌ ကျောင်းပြီးပြီးချင်း ဝယ်ခဲ့သည့် အစပ်မှုန့်ဖြူးထားသော အကင်ချောင်းများက အပြည့်နှင့်ပင်။
“အာအာခဏလေးစောင့်ပေးပါအုန်း၊ ငါစားလို့မပြီးသေးဘူး၊ ပြီးတော့လည်း ငါအနုပညာနဲ့ပတ်သတ်ပြီး ဘာမှကိုမသိတာရယ်၊ မင်းဝင်ချင်ဝင်နှင့်ပါလား"
သူငယ်ချင်းကောင်းဖြစ်သူက ပြပွဲဆိုင်ဘုတ်အား ကြည့်လိုက်ရင်း :“မဟုတ်ဘူးမဟုတ်ဘူး၊ ငါ မင်းစားပြီးတဲ့အထိစောင့်နေမယ်၊ ဒီပန်းချီပြခန်းက မင်းသေချာပေါက်ကို ကြည့်သင့်တယ်၊ အဲ့ဒီ့ပန်းချီက မင်းနဲ့အရမ်းတူတာပဲ၊ မင်းအသက်နောက်နှစ်ဆယ်ဆို ဒီလိုပုံစံဖြစ်လာမယ်လို့ ငါခံစားမိနေတယ်"
ကုအန်း ခြေလှမ်းအနည်းငယ်ရှေ့တိုးလိုက်၏။ ပြခန်းအတွင်းတွင် ပန်းချီဆရာ၏ လှုပ်ရှားမှု့ဘဝအတွေ့အကြုံတို့အား အသေးစိတ်ဖော်ပြထားလေသည်။ သူသည် အင်ဂျင်နီယာမိသားစုမှ မွေးဖွားလာကာ အနုပညာလောကသို့ ကူးပြောင်းလာသော်လည်း အနုပညာရပ်ဝန်းတွင် ထူးကဲသော စွမ်းရည်နှင့် စွမ်းရည်များကို ပြသခဲ့သည်ဟု ဆိုလေ၏။ နောက်ပိုင်းတွင် သူသည် အချိန်အတော်ကြာ စိတ်ဓာတ်ကျခြင်းကို ခံစားခဲ့ရပေမဲ့လည်း ထိုကာလအတွင်း၌ပင် (အနုပညာ) ဖန်တီးရန် တွန်းအားပေးခဲ့ပြီး ဒီနေ့အချိန်ရောက်ရှိကာမှပင် သူ့ဘဝရဲ့ ပထမဆုံးအကြိမ် ပန်းချီပြပွဲကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ဟု။
စိတ်ဓာတ်ကျခြင်းလား……
ကုအန်းမျက်ဝန်းတို့က ဖြေးဖြေးချင်းရွေ့လျားလျက် ပန်းချီဆရာ၏ ပန်းချီလက်ရာအား ကြည့်ရှု့လိုက်ပါလေ၏။
သူကြည့်နေရင်းနှင့် ကျောက်တုံးကြီးတစ်ခုက ကောင်းကင်ကနေ ပြုတ်ကျပြီး သူ့နှလုံးသားကို ဖိထားသလိုမျိုး အံ့သြထိတ်လန့်နေလျက် ဝမ်းနည်းစရာကောင်းလွန်းလှသည်ဟု ခံစားရလိုက်ရချေ၏။ ထိုအချိန်တွင် သူသည် အလွန်တရာပင် စိတ်ဓာတ်ကျလာသလို ချောချောမွေ့မွေ့ အသက်ရှုရန်ပင် ခက်ခဲလာတော့လေသည်။
