ဒုတိယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း- ၂၈)
" ဟယ်.....ဘယ်ကနေဘယ်လိုရောက်လာကြ
တာလဲ....'
" ကလောကနေ...လေယာဥ်စီးပြီးလာခဲ့တာ'
" ဦးနေကတော့...နောက်ပြီ...အလုပ်ကိစ္စနဲ့လား
လာလည်တာလားမေးတာပါ'
" နှစ်ခုလုံးပဲ ဆည်းဆာ'
ဆည်းဆာ ညနေခင်းအပင်တွေရေလောင်းနေရင် အိမ်ရှေ့
ကိုကားနှစ်စီးနဲ့ရောက်လာတော့ဘယ်သူတွေ
ဲဲကြည့်နေတော့ အမေနဲ့မမတို့လင်မယားရယ်
ဦးနေနဲ့မမနှင်းစက် ကိုထူးအောင်နဲ့ကိုသန့်ဇင်
" မြေးတွေရော သမီး'
" အခန်းမှာ ပုံဆွဲနေကြတယ်အမေခဏလေး
သဲကြီး သဲငယ်ရေ ဘယ်သူတွေလာလဲလာကြည့်ပါအုံး'
ဆည်းဆာအသံဆုံးတော့ အခန်းထံကနေပြေး
ထွက်လာတဲ့ အမွှာနှစ်ယောက်
" ဘဘ တီလေး ဦးဦးတို့'
နမည်အော်ပြီးပြေးလာတာက ဦးလေးတီးလေး
နမည်တွေဖြစ်ပြီး ရင်ခွင်ထဲပြေးဝင်သွားတာက
အဖွားဖြစ်သူစီ
" အံမယ်....ငါတူမလေးတွေကချောလာလိုက်
တာ' (ဦးနေသခင်)
" မေမေနဲ့တူလို့' (သဲကြီး)
" ဘာ....မေမေနဲ့တူတာလဲ...သဲကြီးမေမေက
ဒီလောက်ရုပ်ဆိုးတဲ့ဟာ' (ထူးအောင်)
" ဦးဦးနော်...မေမေကရုပ်ဆိုးဘူး' (သဲငယ်)
"အကုန်လုံးကိုမေးကြည့် နင်တို့အမေရုပ်ဆိုး
တယ်'
!ဟား... ...ဟား....ဟား..!
ထူးအောင် စကားကြောင့်အကုန်လုံးထရယ်ကြ၏
" ထူးအောင်ရယ်....ကလေးတွေကိုလိုက်မစနဲ့
ဟိုမှာငါတူမတွေငိုတော့မယ်' (နှင်းစက်)
" ဦးဦးသန့်ဇင် နိုင်ငံခြားကဘာလက်ဆောင်ပါ
လဲဟင် သဲငယ်နဲ့မမအတွက်'
.
" ပါပါတယ်ဗျာ....ရောပါဗျာ'
သန့်ဇင်လဲ အမွှာနှစ်ယောက်အတွက်ဝယ်လာ
တဲ့ လက်ဆောင်တွေကိုထုတ်ပေးလိုက်သည်
" ဘဘနေရော...တီလေးနှင်းစက်ရော...ဦးဦး
ထူးအောင်ရော...ပါးပါးနဲ့မားမားရော...လက်
ဆောင်ပေးပါ' (သဲကြီး သဲငယ်)
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
