part_2 End

4 0 0
                                        

ထိုခံစားချက်ကြောင့်လည်း ပါကြောင်း ပြောပြခဲ့သည်။

ဒေါင်ရန် ပြင်းပြင်းထန်ထန်တုန့်ပြန်လာသောအခါတွင် လောင်ရန် မျက်နှာပျက်ကာ ဖြူဖျော့လာသည်။ သူက ဆံပင်အား ဆွဲဆုတ်လိုက်ပြီးမှ

"ဒါပေမဲ့ အဲ့ဒါက...... အဲ့ဒါက....... အဲ့.."

သူသက်ပြင်းချလိုက်ပြီးမှ မှိုင်းညို့နေသည့် မျက်နှာနှင့် မတ်တပ်ထရပ်လိုက်ကာ..

"ငါဆေးလိပ်သောက်လိုက်အုန်းမယ်.... မင်းအတွက် စဥ်းစားကြည့်လိုက်မယ်..."

စားသောက်ဆိုင်က ဆေးလိပ်သောက်တားမြစ်ထားသည့်အတွက် ဆေးလိပ်သောက်ချင်ရင် သန့်စင်ခန်းသို့သာ သွားရသည်။ ဒေါင်ရန် ခေါင်းငြိမ့်လိုက်ပြီး ထွက်သွားသည့် သူ့နောက်ကျောကိုကြည့်လိုက်တော့ နောက်ကျောပြင်ဟာ ဝမ်းနည်းပူဆွေးနေသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

သူမျက်မှောင်ကြုံ့လိုက်သည်။

လောင်ရန်သည် သူ့အား တစ်စုံတစ်ခုကို ဖုံးကွယ်ထားပုံပေါ်နေသည်။

စောင့်ရတာ ကြာနေသည့်အတွက် သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ကာ ရွှီကျီယန်အား WeChat ပို့လိုက်တော့လေသည်။

ဒေါင် : ငါမနေ့ညက စဥ်းစားပြီးသွားပြီ ..မင်းလည်း စိတ်ပိုင်းဖြတ်ပြီးသွားလောက်ထင်ပါတယ်.. ဒါဆိုရင်လည်း ငါတို့ အပြီးတိုင် လမ်းခွဲပြီး မေ့ပစ်လိုက်ကြရအောင်.."

ဒေါင် : ငါမင်းကို မက်ဆေ့ချ်ပို့တာ ဒါနောက်ဆုံးပဲ ဖြစ်လိမ့်မယ်။ ငါပြောပြီးတာနဲ့ မင်းကို ဖျက်(wechat acc)လိုက်တော့မယ်။ မင်းကို ဘယ်သူမှ အနှောက်အယှက်မပေးတော့လို့ မင်းပျော်နေပြီလား?.."

ဒေါင် : တကယ်​​တော့ အခုချိန်​ထိ မင်းကို ငါချစ်​​နေတုန်းပဲ။ ငါလည်းမတတ်နိုင်တော့ဘူးလေ.. ငါက ထာဝရမေတ္တာမြဲတဲ့ချစ်​သူပါ ၊ တချို့လူ​တွေလိုတော့ မဖြစ်​နိုင်​လောက်တော့ဘူး။"

ဒေါင်ရန် အဲ့ဒီ့စကားတွေ ပြောဆိုပြီးမှ နောင်တရသွားသည်။ သူဘာလို့များ အရွဲ့တိုက်ချင်နေရတာလဲဟု တွေးလိုက်ပြီး တည်ကြည့်ဖို့ လိုအပ်တာကြောင့် ရေးထားသည့် စာကို ဖျက်လိုက်ပြီး အသစ်ထပ်ရေးလိုက်သည်။

ဒီနေ့ငါပန်းကန်မဆေးချင်ဘူးWhere stories live. Discover now