ဒုတိယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း-၂၇)
" သဲကြီး သဲငယ် မေမေသမီးလေးတွေထတော့
လေ ကျောင်းနောက်ကြနေမယ်ကွယ်
ဆည်းဆာ မနက်အစောကြီးထပြီးထမင်းချက်
ဟင်းချက် အိမ်အလုပ်တွေလုပ်ရတာ အမြဲတမ်းသူမအလုပ်ပါဘဲ နေတိုင်းလုပ်ရလို့
လဲမငြင်းငြူပါဘူး သူမဘဝမှာသမီးလေးနှစ်
ယောက်ကအရေးကြီးဆုံးပါ အကုန်ပြင်စဥ်ပြီး
အခန်းထဲဝင်လာကာအိတ်ပုတ်သမီးနှစ်ယောက်ကိုနိုးရပြီလေ အင်္ကျီဆင်တူလေးတွေဝတ်
ထားပြီး ဖက်အိပ်နေတဲ့ညီမနှစ်ယောက်အနား
သွားပြီးနှဖူးလေးတွေကိုနမ်းပြီး
" သမီးတို့....ထတော့လေ.ကျောင်းနောက်ကြ
အုံးမယ်ကွယ်'
" ဝါး.....ဝါး...မေမေရေ နည်းနည်းအိပ်ချင်
သေးတယ်'
" အိပ်လို့မရတော့ဘူးလေ အသဲလေးတွေ...
လိမ္မာတယ်ထကြတော့နော်'
" ဟုတ်ကဲ့...မေမေ
"ဟုတ်ကဲ့ပါ...မေမေ'
ဆည်းဆာ သမီးနှစ်ယောက်ပါးကိုနမ်းလိုက်
ပြီး သူမကိုယ်တိုင်ရေချိူးပေးသနပ်ခါးလူး
ပေးပြီး ကျောင်းဝတ်စုံလေးတွေထုတ်ကာဝတ်
ပေးလိုက်သည် ဆံပင်လေးကိုလဲနှစ်ဖက်ခွဲစီး
ပေးပြီး ကျစ်စမြီးလေးကျစ်လေးလိုက်၏
တစ်နှစ်ကျော်လောက်ထဲကဆံပင်လေးတွေကို
မညုက်ပေးတော့ပဲအရှည်ထားပေးလာတာ အခုဆို ခါးအလယ်လောက်ရှိနေပြီ အမှန်တော့
ခါးကျော်နေပြီ ဒီထက်အရှည်မထားပေးချင်
တော့လို့ ညီမနှစ်ယောက်လုံးကို ခါးကျော်လာ
တာနဲ့ညုက်ပစ်ပေး၏ ဆံပင်အရှည်လေးထား
ပေးတော့ သူများတွေကအပစ်တင်သေးတယ်
လေ ကလေးကငယ်ငယ်လေးရှိသေးတယ်
ဆံပင်အရှည်မထားပေးနဲ့ ဘာဖြစ်တယ်ညာဖြစ်
တယ်ဆိုပြီး အပစ်ပြောခဲ့သေးတယ်
ဒါမဲ့ ဆည်းဆာဂရုမစိုက်ပါဘူး ဆည်းဆာသမီး
လေးတွေကိုလှလှပပလေးနေစေချင်လို့ သမီး
တွေကလဲ ဆံပင်ရှည်တွေကိုနှစ်သက်တယ်လေ
သူမငယ်ငယ်ကနဲ့အရမ်းတူတယ်
" မေမေ ကစားကွင်းလိုက်ပို့ပေးပါလားဟင်'
" သွားချင်လို့လား သဲငယ်က'
" ဟုတ်ကဲ့...သွားချင်တယ်မေမေ'
" သဲကြီးရော'
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
