Dos

899 98 1
                                        

ဟွမ်ရှင်းအတွက် နောက်နေ့ရက်များဟာသိပ်အထူးအဆန်းရှိမနေခဲ့ပါ။

ဘေးခြံက ဦးလေးငယ်ငယ်လေး ချိုးတင်းကျယ်ဆိုသူကလည်း တစ်ပတ်သာနေပြီး ပေကျင်းကိုပြန်သွားသည်ဟုကြားသည်။ ဟွမ်ရှင်းသည်လည်း ဒီလိုနှင့်ပင် ဘေးအိမ်ကချိုးသားအဖအကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတော့​၏။

ဇူလိုင်လသို့နီးကပ်လာလေလေ နွေရာသီကျောင်းပိတ်ခါနီး နောက်ဆုံးအတန်းတင်စာမေးပွဲဖြေဆိုဖို့နီးကပ်လေလေဖြစ်ရာ ထိုအချိန်မှ ဟွမ်ရှင်းတို့သူငယ်ချင်းအုပ်စုလိုက်ကြီး ရေကုန်ရေခန်းကြိုးစားကြတော့သည်။

ဂိမ်းဆိုင်ပိုင်ရှင်အစ်ကိုကြီးတမျှော်မျှော်ဖြစ်ရသည့် သုံးပတ်တာကာလပါပေ။

" ရေး .. ပြီးပြီဟေ့ !!! "

စာမေးပွဲပြီးဆုံးသည့် ကျောင်းခေါင်းလောင်းတီးသံကြားသည်နှင့် ကျောင်သားများအားလုံး တရုန်းရုန်းနှင့် ကျောင်းဝင်းထဲမှ ပြေးထွက်ကြ​တော့သည်။ သင်းပျံ့နေသော နွေဦးသုန်သုန်​၏ ရနံ့များကြား ကျောင်းနောက်ဆုံးနေ့ကိုကုန်ဆုံးခဲ့ကြ​၏။

လမ်းတစ်လျှောက်တွင် အရိုးပေါ်အရေတင်လက်ချောင်းများကဲ့သို့ခြောက်သွေ့နေခဲ့သော သစ်ကိုင်းများမှာလည်း ရွက်သစ်များအာထွက်လို့လာလေသည်။ ဟွမ်ရှင်း ဝ ဆန်ပြုတ်ဆိုင်လေးသည်လည်း နွေရာသီ ခရီးသွားများဖြင့် စတင်စည်ကားလို့လာပေ​၏။

ဟွမ်ရှင်းတစ်ယောက် စာမေးပွဲပြီးသည့်သုံးပတ်လုံးလုံး ဆန်ပြုတ်ဆိုင်မှာ စားပွဲထိုးလိုက် ၊ သူငယ်ချင်းများနှင့် ညလုံးပေါက် ဂိမ်းဆိုင်ထိုင်လိုက် ၊ တစ်ဖက်ကျွန်းကဇီးစိမ်းတွေသွားကောက်လိုက်နှင့် အချိန်ကုန်ဆုံးနေတော့သည်။ သူ ငါးဖမ်းရတာမကြိုက်သော်ငြား သူ့ဘော်ဒါ​၏ ငါးဖမ်းစက်လှေနှင့်ခရီးနှင်ရင်တော့ဖြစ်လည်း ဟွမ်ရှင်း မပါမဖြစ်ပေ။

ဟွမ်ရှင်း အဖေမှလည်း ရှန်ဟိုင်းကနေစက်ဘီးအသစ်လေးတစ်စီးပို့ပေးလာတာကြောင့် ထိုစက်ဘီးကိုလက်ကမချဘဲ နေ့တိုင်းမြို့တစ်ပတ်ကိုခြေဆန့်နေသည်မှာ လိုက်ဖမ်းလို့ပင်မမိပါတော့ချေ။

Adagio for Strings : Summer of 69Where stories live. Discover now