ဒုတိယအကြိမ်ပြန်ချစ်ခွင့် ( အပိုင်း- ၂၅)
ဒီနေ့ဟာဆိုရင် ထင်ကို ဆေးရုံဥက္ကဌ နေရာ
အပြီးတိုင်လွှဲပေးမဲ့နေ့ဖြစ်ပါတယ် ဂုဏ်သရေ
ရှိလူကြီးများနှင့်ဆေးရုံမှာတာဝန်ယူလုပ်ကိုင်နေသော်ဆရာဝန်များ nurseများအကုန်တက်
ရောက်ရ၏ အရှေ့ဆုံးတန်းမှာက လူကြီးများ
ထိုင်ကြပြီး ဒုတိယအတန်းမှာက ဆရာဝန်များ
ထိုင်ကြရတယ် နောက်ဆုံးတန်းမှာက nurse
များထိုင်ရ၏
" သား....ဘာရှာနေတာလဲ'
" ဘာမှမရှာပါဘူး....မာမီ'
အခမ်းနားကစတော့မယ် အခုထိသူမကိုရှာမ
တွေ့သေးဘူး မလာတာလား မလာလို့မှမရတာ
အကုန်လာရမယ်လို့ထုတ်ပြန်ထားတာပဲလေ
" 🎤 ဆေးရုံအုပ်ကြီးနှင့်တကွ ဂုဏ်သရေရှိလူ
ကြီးမင်းများ မင်္ဂလာပါရှင့် ကျွန်မကတော့
မျက်စိအကြောဌာနက အစီစဥ်တင်ဆက်သူ
မြကြေးဖြစ်ပါတယ်
🎤 အခမ်းနားအစီစဥ် ၁အရ နှလုံးဌာနမှာ
ကိုမျိူးဝင်းဦးဆောင်သောအဖွဲ့မှာ ဖျော်ဖြေပေး
မှာဖြစ်ပါသည်
အစီစဥ်တင်ဆက်သူ စကားဆုံးတော့ လက်ခုပ်
သံများတပြိုင်နက်ထဲ ထွက်လာကြသည်
သူများတွေကတော့ ဖျော်ဖြေနေတာကိုကြည့်
ပြီး သဘောတွေကျနေပင်မဲ့ သဘောမကျပဲလူ
လိုက်ရှာနေတာကတော့ ထင်ပါပဲ တဖြည်းဖြည်း နဲ့ ဌာနတစ်ခုစီတိုင်းရဲ့ဖျော်ဖြေ
ပေးပြီးပြီ ဖြစ်တယ် နောက်ဆုံးဌာနကတော့
🎤ဟုတ်ကဲ့ရှင့် အခမ်းနား အစီစဥ်၆အရ
ရိုးရိုးဌာနမှ ဖျော်ဖြေပေးရမဲ့အလှည်ဖြစ်ပါ
တယ်ရှင်
စကားဆုံးတော့ ဂီတာကိုလက်ကကိုင်ပြီးစင်
ပေါ်တက်လာသောဆည်းဆာ
🎤 အားလုံးပဲ မင်္ဂလာပါရှင့် ကျွန်မကတော့ရိုးရိုးဌာနမှာတာဝန်ထမ်းဆောင်
နေတဲ့ ချစ်ဆည်းဆာ ဖြစ်ပါတယ် အခုကျွန်မ
ဖျော်ဖြေတင်ဆက်မဲ့ သီချင်းကတော့ မLဇိုင်းဇီ
ရဲ့ သီးသန့်ဖြစ်တည်မူ သီချင်းလေးပါ နားဆင်
ပေးကြပါ
🎤🎶 သူသာလေညှင်းလေဆို....ကိုယ်ဟာ
လေညှင်းအထိတွေ့ကို....ခံစားခွင့်ရှိတဲ့..ပန်းလေးဖြစ်ချင်ခဲ့....ယုံပါလို့လည်းမပြောချင်..
မြင်စေချင်တဲ့ ကိုယ်အချစ်တွေ...ရင်ထဲအ
ပြည့်ပေါ့ဟေ့...လိုချင်တာတွေရမယ်ဆို.....
ဒါနောက်ဆုံးအချစ်တစ်ခုနဲ့ ဒီဘဝခရီးစချင်
တယ်.....ကိုယ်ရဲ့ရင်မှာဝင်လာ ဖြစ်တည်နေတဲ့
အချစ် တစ်ခုရှိတယ်....ထာဝစဥ်သိမ်းဆည်း
ထားခဲ့....မင်းလေးယူနိုင်တယ်....ဒါမင်းအ
တွက်သီးသန့်ပဲ........
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
