"ကော.."
"ငါ့လက်ကိုအခုချက်ချင်းလွှတ် ရွေ့ရွေ့.."
"တကယ်ကြီး ကောကသတ်ပစ်မလို့လား.."
"ငါချစ်တဲ့သူတွေကိုထိသမျှလူအကုန်လုံးကိုသတ်ပြီးတော့တောင် ငါထောင်ထဲဝင်နိုင်တယ်"
ပြတ်သားလွန်းလှတဲ့စကားလုံးတွေကြောင့် ရစ်ခီဘာမှလည်းဆက်မပြောနိုင်သလိုကြောင်အနေမိသည်။
"ဒါပေမဲ့ ကျွန်တော့်ကြောင့်ကောရဲ့လက်သွေးစွန်းမှာကိုမလိုလားဘူး.."
"......"
ညီဖြစ်သူပြောခဲ့တဲ့စကားတွေကိုအခုချိန်ထိပြန်စဉ်းစားနေမိသည်။
"ထယ်ရယ်..ငါရှေ့ဆက်ပြီးဘာလုပ်ရတော့မလဲ.."
"လောလောဆယ်တော့ဟျောင်းဘာမှမလုပ်သေးတာကောင်းမယ်.."
"အာချီးဘဲ.."
"ပြီးတော့ ဒီနေရာကဆေးရုံနော် ဟျောင်းအပန်းဖြေစခန်းမဟုတ်ဘူး..ခဏခဏလာတာလဲလျှော့ပါအုံး.."
"မင်းက ငါ့ကိုနှင်ထုတ်နေတာလား"
"နှင်ထုတ်တာလည်းမဟုတ်ရပါဘူးဗျာ.."
"ဟွန့်..တော်ပြီပြန်ပြီ.."
ပြန်လှည့်ထွက်ဖို့ တံခါးဆီဦးတည်လိုက်တဲ့အချိန်မှာဘဲ_
"ဟျောင်း.."
"ဘာလို့လဲ.."
"လူတစ်ယောက်ကိုကူညီပေးပါလား..ကျွန်တော်ပြန်ပြီးတော့ဟျောင်းတစ်ခုခုဖြစ်ရင်ပြန်ကူညီပေးပါ့မယ်"
"အင်းရတယ်လေ.."
"ဆောင်းဟန်ဘင်းဆိုတဲ့သူ အဲ့ဒီ့ကောင်ကိုသတ်ပေးပါလား"
"......"
-
-
-
ထပ်ပြီးတော့ ထယ်ရယ်ရဲ့စကားကိုနားထောင်မနေတော့ဘဲ ဟာအိုဟာ ထိုနေရာကတင်ဘဲလှည့်ထွက်လာခဲ့သည်။
"ဆောင်းဟန်ဘင်း..ရင်းနှီးနေတဲ့နာမည်ဘဲ.."
"သူဌေးဘယ်ကိုပို့ပေးရမလဲ.."
"ဂိုထောင်ကိုသာပို့ပေးပါ.."
သတ်မှတ်ထားတဲ့လမ်းကြောင်းကနေကားလေးဟာတစ်ခြားတစ်ဖက်ကိုကွေ့သွားခဲ့တော့သည်။
YOU ARE READING
Against The World
Fanfiction"မင်းအတွက်ဆိုရင် ကမ္ဘာကြီးနဲ့တောင်မှပြိုင်ငြင်းနိုင်တယ်" -Zhanhao "ဘာကိစ္စတွေဘဲဖြစ်လာပါစေ ကျွန်တော်ကအစ်ကို့ဘက်မှာအမြဲရှိနေပေးမှာမလို့" -Hanbin
