Part(1)

271 13 0
                                        

"ကော.."

"ငါ့လက်ကိုအခုချက်ချင်းလွှတ် ရွေ့ရွေ့.."

"တကယ်ကြီး ကောကသတ်ပစ်မလို့လား.."

"ငါချစ်တဲ့သူတွေကိုထိသမျှလူအကုန်လုံးကိုသတ်ပြီးတော့တောင် ငါထောင်ထဲဝင်နိုင်တယ်"

ပြတ်သားလွန်းလှတဲ့စကားလုံးတွေကြောင့် ရစ်ခီဘာမှလည်းဆက်မပြောနိုင်သလိုကြောင်အနေမိသည်။

"ဒါပေမဲ့ ကျွန်တော့်ကြောင့်ကောရဲ့လက်သွေးစွန်းမှာကိုမလိုလားဘူး.."

"......"

ညီဖြစ်သူပြောခဲ့တဲ့စကားတွေကိုအခုချိန်ထိပြန်စဉ်းစားနေမိသည်။

"ထယ်ရယ်..ငါရှေ့ဆက်ပြီးဘာလုပ်ရတော့မလဲ.."

"လောလောဆယ်တော့ဟျောင်းဘာမှမလုပ်သေးတာ​ကောင်းမယ်.."

"အာချီးဘဲ.."

"ပြီးတော့ ဒီနေရာကဆေးရုံနော် ဟျောင်းအပန်းဖြေစခန်းမဟုတ်ဘူး..ခဏခဏလာတာလဲလျှော့ပါအုံး.."

"မင်းက ငါ့ကိုနှင်ထုတ်နေတာလား"

"နှင်ထုတ်တာလည်းမဟုတ်ရပါဘူးဗျာ.."

"ဟွန့်..တော်ပြီပြန်ပြီ.."

ပြန်လှည့်ထွက်ဖို့ တံခါးဆီဦးတည်လိုက်တဲ့အချိန်မှာဘဲ_

"ဟျောင်း.."

"ဘာလို့လဲ.."

"လူတစ်ယောက်ကိုကူညီပေးပါလား..ကျွန်တော်ပြန်ပြီးတော့ဟျောင်းတစ်ခုခုဖြစ်ရင်ပြန်ကူညီပေးပါ့မယ်"

"အင်းရတယ်လေ.."

"ဆောင်းဟန်ဘင်းဆိုတဲ့သူ အဲ့ဒီ့ကောင်ကိုသတ်ပေးပါလား"

"......"

-

-

-

ထပ်ပြီးတော့ ထယ်ရယ်ရဲ့စကားကိုနားထောင်မနေတော့ဘဲ ဟာအိုဟာ ထိုနေရာကတင်ဘဲလှည့်ထွက်လာခဲ့သည်။

"ဆောင်းဟန်ဘင်း..ရင်းနှီးနေတဲ့နာမည်ဘဲ.."

"သူဌေးဘယ်ကိုပို့ပေးရမလဲ.."

"ဂိုထောင်ကိုသာပို့ပေးပါ.."

သတ်မှတ်ထားတဲ့လမ်းကြောင်းကနေကားလေးဟာတစ်ခြားတစ်ဖက်ကိုကွေ့သွားခဲ့တော့သည်။

Against The World Where stories live. Discover now