❄️part-24❄️

7.5K 98 3
                                        

ဒုတိယအကြိမ်ပြန်ချစ်ခွင့် (အပိုင်း- ၂၄)

" မောင်.....ဘာဖြစ်နေတာလဲ..တစ်မျိူးပဲ'

" ဖူး.....ထင်က အားတဲ့နေ့တွေ့ခြင်တယ်တဲ့'

" ကောင်းတာပေါ့.....ညီမလေးအကြောင်းရှင်း
ပြလို့ရတာပဲလေ'

" မောင်....လဲတွေးထားတယ်အဲ့လိုပဲ'

" မပြောပြလိုက်ကြပါနဲ့နော်.ဆည်းဆာတောင်း
ဆိုတာပါ'

မောင်နဲ့ထင်အကြောင်းပြောနေရင် ဘယ်ကနေ
ဘယ်လိုရောက်လာမှန်းမသိတဲ့ ညီမလေး

ဆည်းဆာ အမေကိုဆေးလာပို့ရင်နဲ့ မမကို
ပြောစရာရှိလို့ မမအခန်းနားရောက်တော့ ကို
ပြည့်စုံနဲ့မမပြောနေတာကြားလိုက်ရသည်

" ဘာဖြစ်လို့လဲ....ဆည်းဆာ ညီမလေးနဲ့
သန့်ဇင် ဘာမှမဖြစ်ခဲ့ဘူးဆိုတာ အမွှာနှစ်ယောက် က သူခလေးဆိုတာပြောပြ
သင့်တယ်လေ'

" မောင်ပြောတာမှန်တယ်....ဆည်းဆာ'

" အဟင့်.....ဟင်း....ဟင်း....ဆည်းဆာလဲ
ပြော....ပြောပြခြင်တာပေါ့ မယုံဘူးဆိုရင်
တောင်....အခုက ကိုကြီးက ဂျူလီယာနဲ့စေ့စပ်
တော့မှာ....ပြီးတော့....ဟင်း...ဟင်း...ကိုကြီး
နဲ့ ဂျူလီယာက မိဘတွေသဘောတူတဲ့ပုံစံမ
ဟုတ်ဘူး....အဟင်း....ရွှတ်...ချစ်သူတွေလိုပဲ
ညီမလေး....ကလေးတွေနဲ့...ကိုကြီးကို
မချည်နှောင် ခြင်တော့ဘူး'

ပြည့်စုံနဲ့ချစ်ဖူးလဲ သနားရလွန်းလို့ ဘာပြောရ
မှန်းတောင်မသိဘူး ဘယ်သူကိုအပြစ်တင်ရမ
လဲမသိတော့ပါဘူး ကံကြမ္မာကိုလား လုပ်ကြံသူကိုလားပဲ မတွေးတက်တော့ဘူး'
ပြည့်စုံလဲ ငိုနေတဲ့ ညီမနှစ်ယောက်အနားသွား
ကာ

" တိတ်တော့နော်....ညီမလေး...အကိုမပြောပြ
တော့ဘူးနော်....ထူးအောင်နဲ့နှင်းစက်တို့ကိုလဲ
ပြောပြထားမယ်နော်'

" ကျေးဇူတင်ပါတယ် ကိုပြည့်စုံ'

" ဘယ်တော့မှမပြောတော့ဘူးလား...ခလေး'

" မပြောပြတော့ဘူးမမ'

" ကလေးတွေအတွက်ရော...မစဥ်စားတော့ဘူး
လား...ဖေဖေဘယ်မှာလဲ...ဘယ်သူလဲ မေးရင်
ရော ညီမလေးဘယ်လိုဖြေမလဲ ညီမလေးသိ
လား ဟိုတစ်နေ့က မမနဲ့မောင် သဲကြီးနဲ့သဲငယ်
ကိုကျောင်းသွားကြိုတော့ ညီမနှစ်ယောက်က
သူတို့သူငယ်ချင်း မိုးဖြူဆိုတဲ့ကောင်မလေး
ကိုကြည့်နေတယ် ဘာလိုကြည့်နေလဲသိလား'

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now