❄️part-23❄️

7.6K 93 6
                                        

ဒုတိယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း -၂၃)

ဆည်းဆာ ဂျူတီပြီးတော့ အမေတို့အိမ်မှာ
ကလေးနှစ်ယောက်ကိုဝင်ခေါ်ပြီး အိမ်ကိုတန်း
ပြန်လာတော့တယ် ကားပေါ်ရောက်တော့ ညီမ
နှစ်ယောက် ပြောနေတဲ့စကားကိုကြားကာ အလုိလိုနေရင်ပြုံးမိတယ်

" မမ နေ့လည်ကဦးဦးကလေ မမနဲ့အရမ်းတူ
တယ်'

" ဟုတ်လား မမလဲမြင်ဖူးခြင်လိုက်တာ'

" ပြီးတော့လေ အဲ့ဦးဦးကချောနေရော'

အခုမှတစ်ခါပဲမြင်ဖူးတာတောင်ဒီလောက်ခင်
နေကြတာ သူတို့ဖေဖေမှန်းသာသိရင် ဘယ်
လောက်တောင်ပျော်လိုက်ကြမလဲ ငယ်ငယ်ထဲ
က ဦးလေးဖြစ်သူ ဦးနေရယ်ကိုပြည့်စုံရယ်က
လွဲလို့ ဘယ်သူခေါ်တာမှမလိုက်သလို့ မသိတဲ့
သူစိမ်းကိုလဲ စကားမပြောဘူး အခုတော့
ကိုကြီးကို ခေါ်တယ်ဆိုတော့ သွေးကစကား
ပြောတာ‌ပေါ့နော် အိမ်ပြန်ရောက်တော့ သဲကြီးနဲ့သဲငယ်
ကို ရေချိူးပေးပြီး TVနဲ့ကာတွန့်ကားပြထား
လိုက်ကာ သူမကတော့ မီးဖိုထဲဝင်ကာ ဒီနေ့
သဲငယ်နဲသဲကြီး ကဆီချက်ခေါက်ဆွဲစားခြင်
တယ်ဆိုလို့ လုပ်ပေးနေသည်

ပြန်ရောက်ထဲက အိမ်မပြန်ပဲ ဒယ်ဒီကိုဆေးရုံ
မှာစောက်ပေးနေရတယ် မာမီကတော့အသက်
ကြီးပြီမို့ပြန်နားခိုင်ရတယ် ဒီနေ့တော့ ဒယ်ဒီနဲ့
မာမီက သူမျက်နှာမကောင်းတာသိတော့ ပြန်
နားခိုင်းတယ် အစကသူငြင်းနေပင်မဲ့ စိတ်လဲ
အခြေနေမကောင်းတော့ အိမ်ပြန်လာလိုက်
တော့သည် ရောက်တာနဲ့ မနေတာ၅နှစ်တောင်
ရှိခဲ့ပြီဖြစ်တဲ့အခန်းလေးကိုကြည့်တော့ အရင်
တိုင်းပဲ ဘာမှမပြောင်းလဲဘူး ရေချိူးခန်းထဲ
ဝင်ခါပြီး ရေချိူးနေရင် နေ့လည်က မြင်ကွင်း
ကို ပြန်မြင်ယောင်လာသည် လက်ထက်လိုက်
ကြတာပဲ အေ့ပေါ့လေ ဒီအခြေနေထိရောက်
လာမှတော့ယူလိုက်ရတော့မှာပေါ့ ကလေးက
အမွှာလေးမွေးတာပေါ့ သူနဲ့ယူဖြစ်ခဲ့ရင်ရော
အဲ့လိုအမွှာလေးမွေးပ့မလား နေ့လည်ကခလေး
မလေးက သူမနဲ့သိပ်တူတာပဲ

သူလဲ ဆက်မတွေးတော့ပဲ ရေချိူးခြင်ကိုအပြီး
သတ်လိုက်တော့တယ် ပြန်ထွက်လာပြီးအဝတ်
စားလဲကာ ဘယ်တော့မှမဆက်သွယ်ခဲ့တဲ့ဖုန်း
နံပါတ်ကို ဆက်လိုက်တော့တယ်

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now