ဒုတိယအကြိမ်ပြန်ချစ်ခွင့်။ (အပိုင်း - ၂၂)
ဆည်းဆာ ၁၂ထိုးနေပြီ အခုထိအိပ်မပျော်၍
အိမ် ဝရံတာကနေ ကောင်းကင်ကြီးကိုကြည့်
ကာ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းရာတွေပြန်
တွေးနေသည် နောက်ဆုံးတော့ကိုကြီးပြန်
လာပြီပေါ့ အဲ့တုန်းကကိစ္စကလုပ်ကြံခံရတာသိ
ပင်မဲ့ ၅နှစ်တာကြာသွားတယ်ဘယ်သူလုပ်ကြံ
မှန်းအခုထိမသိရသေးဘူး သဲကြီးနဲသဲငယ် က
ကိုကြီးသမီးဆိုတာရောယုံပါမလား ကိုကြီးက
မတွေ့ရတဲ့၅နှစ်မှာပိုပြီးတော့ချောလာတယ်
တောင့်တင်းနေတဲ့ခန္ဓာကိုယ် ရှည်လျားတဲ့အ
ရပ်မောင်း အိုး စကားနဲ့တောင်ပြောမပြတက်
အောင်ပိုပြီးချောလာတယ် သူအကိုကြီးအကြောင်းတွေမိတော့ သူမအ
တွေးထဲကိုထပ်ဝင်လာတဲ့အရာတစ်ခု
ငါနဲ့ကိုကြီးဘယ်လိုမှပေါင်းစပ်လို့မရတော့ဘူး
ကိုကြီးမှာပိုင်ရှင်ရှိနေပြီတဲ့ သမီးနှစ်ယောက်
အတွက် မတရားယားတာသိပင်မဲ့လဲ ကိုကြီးကို
အနှောက်ယှက်မပေးချင်တော့ဘူး သမီးနှစ်
ယောက်ကိုလဲ ဖေဖေကဘယ်သူပါဆိုတာလဲမ
ပြောပြတော့ဘူး ချစ်နေတာကိုလဲ သူမနှလုံး
သားရဲ့ဒေါက်တစ်နေရာလေးမှာထည့်ထားလိုက်တော့မယ်
မြန်မာပြည်ကိုပြန်လာရင် သူမကိုတွေ့ရမှာသိ
ပင်မဲ့လဲ အခုလိုချက်ချင်းကြီးတွေ့ရမယ်လို့
တော့မထင်ထားခဲ့တာအမှန်ပါ သူမကိုတွေ့တုန်းကဆို သူပြေးဖက်ပြီးဘယ်
လောက်ထိလွမ်းနေကြောင်းတွေပြောပြခြင်ခဲ့
တာ ဒါပင်မဲ့လဲ မဖြစ်နိုင်ဘူးလေ ကိုယ်နဲ့သူက
ဘာမှမဆိုင်တော့ဘူး ရင်ထဲမှကမ္ဘာပျက်မ
တက်ချစ်နေပါစေ အပြင်မှာတော့သူတကယ်
စိတ်ဆိုးပါတယ် သူမကိုယ်မြင်ရင် မေ့ထားတဲ့
အတိတ်ဒဏ်ရာတွေက ထကြွလာတယ် ဒါမဲ့
သူမ တော်တော်လှလာတယ် နောက်ဆိုရင်
အမြဲတွေ့နေရမှာ သူကရောမချစ်တော့ဘူးလို့
ငြင်းနေပင်မဲ့ သူနေနိုင်ပ့မလား ဘဝမှာပထမဦး
ဆုံးအချစ်ကအရမ်းနာကျင်ရတာလား သူများ
တွေပြောဖူးတယ် ကမ္ဘာပေါ်မှာလူတိုင်းအချစ်ဦးနဲ့လွဲတက်ကြတယ်တဲ့ အဲ့အချစ်ဦးကိုလဲမြေးဦးရတဲ့အထိမမေ့
သလို သူတို့လောက်ဘယ်သူကိုမှလဲမချစ်ဖူး
ကြဘူးတဲ့ အဲ့စကားကိုသူယုံလိုက်ပါပြီလေ
သူ နောက်ဆို ဆေးရုံကိုကိုယ်တိုငိအုပ်ချူပ်ရ
တော့မယ် ဒယ်ဒီသတိရလာတော့ သူနားတော့
မယ်တဲ့ အကုန်လုံးသူကိုလွှဲပေးခဲ့မယ်တဲ့လေ
သူလက်ခံရတော့မှာပေါ့ သူကျေနပ်တာတစ်ခု
တော့ရှိတယ် ချစ်ရသူကိုအမြဲတမ်းတွေ့နေရ
တော့မယ် အရင်တုန်းကလို့ ဓာတ်ပုံလေးကို
ကြည့်ပြီးလွမ်းမနေရတော့ဘူး လွမ်းရင် သွား
တွေ့လို့ရပြီ ပေါ်တင်တော့မဟုတ်ဘူးပေါ့
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
