ဒုတိယအကြိမ်ပြန်ချစ်ခွင့် (အပိုင်း- ၂၁)
အမှန်တော့ ထင် အမေရိကန်ကိုထွက်သွားတယ်ဆိုတာညာလိုက်
တာပါ ဘယ်သူနဲ့မှမတွေ့ခြင်သလိုဘယ်သူနဲ့
မှလဲစကားမပြောခြင်ဘူး ကုတင်ဘေးမှာ
အရက်ပုလင်းတွေပြန့်ကျဲကာဘယ်နှစ်ပုလင်း
တောင်ရှိနေပြီလဲမသိဘူး သူတစ်လမ်းလုံး
မဟုတ်ပါစေနဲ့လို့ဆုတောင်းလာခဲ့တာ သူသာ
လျှင်အသိဆုံး သူရင်ထဲကိုလဲဝင်ကြည့်ကြပါအုံး ဘယ်လောက်ထိခံစားနေရမလဲဆိုတာကြည့်
ရုံနဲသိပါတယ် သူကတော့$ရူးလိုပဲသူမနဲ့မက်
ထားတဲ့အနာဂတ်တွေအခုတော့ရေစုန်မြောကုန်
ပြီ ပြန်စဥ်းစားလိုက်တိုင်းဘဝတစ်ခုလုံးစုတ်
ပြက်သတ်သွားတယ် ပြင်သစ်မှာ ခွဲစိတ်ဆရာ
ဝန်ဖြစ်ဖို့သူအများကြီး ကြိုးစားခဲ့တာတစ်နေ့
မှမလွမ်းပဲမနေနိုင်ခဲ့ဘူး
**************
လက်ရှိအချိန်
" ထင် နင်အရမ်းမှားတယ်....အမှန်တကယ်ဆို
နင်သေချာရှင်းသင့်တယ်....အခုကနင်ကရှောင်
ပြေးလာခဲ့သလိုဖြစ်နေတယ်'
" ဟုတ်ပါတယ်....ငါမှားခဲ့တာဘာလို့လဲဆို
သူတို့နှစ်ယောက်ပါးစပ်ကနေ ဟုတ်တယ်လို့
ထွက်လာမဲ့စကားကိုငါရင်မဆိုင်ရဲဘူး'
" ထားလိုက်ပါတော့. ....အခုနင်ဘယ်သူကိုမှ
မဆက်သွယ်ဘူးလား....ဘာတွေဆက်ဖြစ်သွား
လဲမသိခြင်ဘူးလား'
" ငါဘယ်သူနဲ့မှမဆက်သွယ်ဘူး...သော်တာ
ငါဘာမှလဲမသိခြင်ဘူး....အခုလောက်ဆိုသူ
တို့နှစ်ယောက်လက်ထက်ပြီးလောက်ရောပေါ့'
" နင်ထင်ထားသလို....မဟုတ်နေရင်ရော'
" တော်ပါတော..သော်တာရယ်ဘာမှမမေးပါနဲ့
တော့....နင်သိခြင်တာလဲငါပြောပြပြီးပြီလေ"
" အေ့ပါ....ဟာ'
ထင်နဲ့သော်တာစကားမပြောကြတော့ပဲပြန်ပြီး
တိတ်ဆိတ်သွားကြတော့သည် နင်မှာမသိတာ
သော်တာရယ် ငါဒီလိူမဖြစ်လာခင်က တစ်နေ
လုံးအရက်တွေနဲ့ပဲအချိန်ကုန်ခဲ့တာ နောက်တော့ငါကြောင့် မာမီဆေးရုံတက်လိုက်ရ
တော့ မာမီကတောင်းဆိုတယ်အရင်လိုပြန်နေဖို့
ငါလဲမာမီကြောင့်ဒီအချိန်ထိဖြစ်လာခဲ့တာပဲ သူ
သူမလုပ်ရက်ပင်မဲ့လဲမမုန်းနိုင်ခဲ့ဘူး တစ်ခေါက်
လောက်တော့ သူမအိမ်ကိုသွားကြည့်ခဲ့ပါသေး
တယ် ဒါမဲ့တံခါးတွေသော့ခတ်ထားးတယ် ဘေးအိမ်ကိုမေးကြည့်တော့ ပြောင်းသွားကြပြီ
တဲ့လေ ဘယ်သူကိုမှမဆက်သွယ်ပင်မဲ့အမြဲ
တမ်းသူမ facebookအကောက်တော့ရှာကြည့်
မိတယ် ဒါမဲ့မတွေ့ဘူး ဘယ်တွေများရောက်နေ
လဲခလေးငယ်
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
