❄️part-16❄️

5.5K 65 0
                                        

ဒုတိယအကြိမ်ပြန်ချစ်ခွင့် (အပိုင်း- ၁၆)

ဆည်းဆာ ကိုကြီးတို့ပြန်သွားထဲက ဒီနေ့အထိ
အလုပ်တွေပဲဖီလုပ်နေမိ၏ တစ်နေ့တစ်နေ့
အားတယ်ရယ်လို့မရှိပါဘူး မအားပင်မဲ့ကိုကြီး
ကိုတော့အမြဲတမ်းသေချာအချိန်ပေးဖြစ်တယ်
အခုဆိုလုပ်ရမဲ့အလုပ်တွေအပြီးသတ်နိုင်ခဲ့ပြီ
သဘက်ခါလောက်ဆိုပဲခူးပြန်ရတော့မယ် ဒါမဲ့
ကိုကြီးကိုမပြောထားဘူး စပရိုက် တိုက်မယ်
လို့တွေးထားတယ် ဆည်းဆာတွေးမိတယ်
ကိုကြီးနဲ့သူမကို ကိုကြီးမိဘတွေကသဘောတူ
ပါမလား ကိုကြီးဘဝနဲ့သူမဘဝက မိုးနဲ့မြေလိုပဲ

ဆည်းဆာ အလုပ်လုပ်နေရင် သူမနဲ့ကိုကြီး
အနာဂတ်အတွက်တွေးပူနေမိ၏

" ဟူး'

သက်ပြင်းတစ်ချက်ချပြီး အလုပ်နေရာကနေ
ထကာ ဦးနေရှိတဲ့ရုံးခန်းကိုတွင်လာသည်
ရုံခန်းဖွင့်လိုက်တော့ ပြုံးပျော်နေတဲ့ ဦးနေကို
တွေ့ရသည် သူမ ဝင်လာတယ်မမြင်ဘူးထင်
တယ်

" ဦးနေ'

နေသခင် ဖုန်းပြောနေရင် သူ နမည်ခေါ်သံကြား
တော့ တစ်ဖတ်လူကို 'ခဏနော်' လို့ပြောပြီးဖုန်း
ချလိုက်၏

" ဝင်ခဲ့မယ်နော်'

" ဝင်ခဲ့လေ ချာတိတ်'

" ဘယ်သူနဲ့ဖုန်းပြောနေလို့ အဲ့လောက်ထိပြုံးနေ
တာလဲ... .အော် သိပြီ မမနှင်းစက်နဲ့မလား'

ဆည်းဆာပြောတာ မမှားတော့ နေသခင် ရှက်
ပြီး ဂုတ်ပိုးကိုလက်နဲ့ပွတ်နေ၏

" အခြေနေဘယ်လိုလဲ ဦးနေ'

" ဒီလိုပါပဲ ချာတိတ်ရယ်'

" ဦးနေရယ် ဖွင့်ပြောလိုက်တော့ပေါ့'

" ပြောခြင်တာပေါ့ကွာ ဒါပင်မဲ့ သူနဲ့ကိုယ်ကအ
ဆင်ပြေတာမကြာသေးတော့ မပြောခြင်သေး
ဘူး တော်ကြာထက်ပြီးစိတ်ဆိုးမှာဆိုးလို့ပါ'

ဦးနေအဲ့လိုပြောတော့ စပြီးအထင်လွဲတုန်းကကိစ္စ
ကိုသတိရသေးတယ်

ဦးနေ မမနှင်းစက်ကိုယ်ဘယ်လိုပြောင်းလဲနေ
တာသူမ သတိထားမိတယ် စပြီးအဲ့လို့သတိ
ထားမိတုန်းက ဦးနေကိုအထင်သေးမိတာတော့
အမှန်ပဲ ညီမကိုမရလို့အစ်မကိုပြောင်းတာလား
တွေ့သမျှမိန်းခလေးတိုင်းကို သဘောကျတာ
လားဆိုးပြီ တွေးမိတယ် အဲ့လိုဖြစ်တော့ သူမ
ဦးနေကိုသိပ်စကားမပြောခြင်တော့ဘူး ရှောင်
ဖယ်မိလာတယ် ဒါပင်မဲ့ တစ်နေတော့ ဦးနေနဲ့
ကိုကျော်စွာ စကားပြောနေတာကိုမထင်မှတ်ပဲ
သူကြားသွားတယ် အဲ့ဒီနေ့

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now