❄️part-15❄️

6K 68 0
                                        

ဒုတိယအကြိမ်ပြန်ချစ်ခွင့် (အပိုင်း- ၁၅)

ဒေါ်ယဉ်နွယ် ကလေကနေ သားပြန်လာမှာမို့
လို့သားအကြိုက်တွေ ကိုယ်တိုင်ဝင်ပြီးချက်
ပြုတ်နေရင် အိမ်ရှေ့က ကားဝင်လာသံကြား
တော့ သား ပြန်လာကာထင်ပြီးထွက်လာတော့
အိမ်ရှေ့ဧည်ခန့်မှာထိုင်နေတဲ့လူကိုမြင်ပြီး ပါးစပ်ကိုလက်ဝါးနဲ့ပြန်အုပ်ရတဲ့အထိ အံသြ
သွားရ၏ ထိုလူက ဒေါ်ယဉ်နွယ်ကိုပြုံးပြီး
ကြည့်နေသည်

"ဘာတွေအဲ့လောက်ထိကြည့်နေတာလဲအစ်မ
ရာ

" အောင်မိုး...မောင်လေး

ဒေါ်ယဉ်နွယ်လဲ မောင်ဖြစ်သူအောင်မိုးကိုဖက်
၍ငိုပါတော့သည်

! ဟင့်...ဟင့်...ဟင့်..

" အစ်မရာကလေးကြနေတာပဲငိုနေတာ

" နင်ကရောမောင်နှမနှစ်ယောက်ထဲရှိတာကို
တစ်ခါမှတောင်လာမတွေ့ဘူး

" ကျွန်တော် နယ်ဘက်ရောက်နေလို့ပါအစ်မ
ပြီးတော့အရင်နေတဲ့နေရာကနေပြောင်းသွား
ကြတာကိုအစ်မတို့က

ယဉ်နွယ်နဲအောင်မိုးကမောင်နှမအရင်းတွေဖြစ်
ကြပြီးအစကတော့ပျော်စရာကောင်းတဲ့မိသား
စုလေးဖြစ်ကြ၏ ယဉ်နွယ်တက္ကသိုလ်တက်နေ
စဉ် အောင်မိုး၁၀တန်းတက်နေချိန်မှာ အဖေ
ဖြစ်သူက ကားတိုက်ခံရပြီး အမေဖြစ်သူက
အဖေစိတ်နဲ့ဆုံးသွားရှာ၏ အဲ့ချိန်ကစပြီး
ယဉ်နွယ်နဲ့အောင်မိုးတို့ဘဝဒုခရောက်ခဲ့ရပြီး
အစ်မဖြစ်သူယဉ်နွယ်မှာမောင်လေးကျောင်း
ဆက်တက်နိုင်ဖို့ကျောင်းထွက်၍အလုပ်လုပ်
ကာမောင်ဖြစ်သူကိုကျောင်းဆက်တက်ခဲ့ခရ၏

လုပ်ငန်းခွင်မှာ ဦးမဟာနဲ့တွေ့ကာချစ်ကြိုက်ခဲ့
ကြပြီးဘဝတစ်ခုထူထောင်ခဲ့ကြသည် အစ်မ
ဖြစ်သူအိမ်ထောင်ကြသွားလဲမောင်ဖြစ်သူကို
တော့အမြဲထောက်ပံခဲ့ပြီး အောင်မိုး ဒုတိယ
နှစ်မှာ အိမ်ထောင်ကြ၍မိန်းမဖြစ်သူရွာနောက်
လိုက်သွားပြီးရွာမှာပဲအခြေချခဲ့သည် ပဲခူးက
အစ်မဖြစ်သူအိမ်ကို၃လတစ်ခါလာလည်ကြ
သည် တစ်နေတော့ ပဲခူးကအပြန်လမ်းမှာ
ကလေးတစ်ယောက်ကောက်ရခဲ့ကြ၏ ခလေး
မမွေးနိုင်တဲ့ သီတာလဲ ဘုရားပေးတဲ့ဆုလဒ်ပဲ
ဆိုပြီးခလေးကိုမွေးစားခဲ့ကြသည် ခလေးမ
နမည်က ဂျူလီယာ တဲ့ နောက်တော့သီတာ
နေမကောင်းဖြစ်တော့ အစ်မဖစ်သူစီလဲမသွား
နိုင် အစ်မဖြစ်သူကလဲစီပွားရေးအဆင်မပြေ
တော့သူစီမလာနိုင်တွေ ဖြစ်ကြပြီး အဆက်အ
သွယ်ပြက်သွားခဲ့ကြတာအခုထိပါပဲ

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now