ဒုတိယအကြိမ်ပြန်ချစ်ခွင် (အပိုင်း -၁၃)
ပြည့်စုံတံခါးလာခေါက်ပြီးပြန်ထွက်သွားတော့
ဆည်းဆာချက်ချင်းပြေးမယ်လုပ်တော့ ထင်
ကအပြေးမခံပဲ လက်ကိုပြန်ဆွဲထား၏
" ဟိတ်... .ဘယ်ပြေးမှာလဲ ဖြေသွားအုံးလေ'
" အောက်ထက်မှာ အမေခေါ်နေပြီ လွှတ်ပါ အကိုရယ်'
" မရပါဘူး..ဖြေသွား ချစ်လား'
" ဘာတွေမေးနေတာလဲအကိုရယ် သွားတော့
မယ်'
ထင် သူ(မ)လေးရှက်နေမှန်းသိတော့ ဆက်မပြောတော့ပဲ လွှတ်ပေးလိုက်သည်
နှင်းစက် အခန်းထဲမှာမနေခြင်တာနဲ့ တစ်ယောက်ထဲခြံထဲကိုဆင်းလာပြီး ဒန်းမှာ
ထိုင်ပြီး ထင်နဲ့ဆည်းဆာအကြောင်းတွေးနေမိ
သည် ဘာတွေလဲသူတို့နှစ်ယောက်က ထိုစဥ်
" ဟယ်... .ကြောင်လေး'
ချူံထဲက နွယ်တွေနဲ့ ညှီ့နေတဲ့ ကြောင်လေး
ကိုဆွဲဲထုတ်ပေးဖို့ မြေပြင်ပေါ်ထိုင်ချလိုက်ကာ
ရူတ်နေတဲ့နွယ်တွေကို ရှင်းပေးနေရင် အနောက်
ကနေ လူတစ်ယောက်က သူမ လက်နှစ်ဖက်ကို
ဆွဲချူပ်လိုက်၏
" အား...ဘာလုပ်တာလဲ'
" မင်းကရောဘာခိုးမလို့ လုပ်နေတာလဲ သူများ
ခြံထဲဝင်ပြီး မိန်းခလေးဖြစ်ပြီး မင်းမရှက်ဘူး
လား'
" ရှင်...ရှင် ကျွန်မကိုလွှတ်လို့'
" ငါလွှတ်ပေးလိုက်ရင် သူခိုးဖြစ်တဲ့မင်းထွက်
ပြေးမှာပေါ့ ငါကဦးနှောက်မရှိတဲ့သူမှမဟုတ်
တာ'
" နာတယ်...လွှတ်လို့..ကျွန်မသိက္ခာကိုယ်စော်
ကားနေတာများပြီနော်'
" မင်းလို သူခိုးက သိက္ခာရှိသေးတာလား'
" ကျွန်မ သူခိုးမဟုတ်ဘူးလို့'
" သူခိုးက ခိုးတယ်ပြောမလား အခုခေတ်လူ
ငယ်တွေတော်တော်ပျက်စီးနေကြပါလား'
နှင်းစက်ပြောမရတဲ့အဆုံး သူဖိနပ်နဲ့ နေ ခြေ
ထောက်ကိုတက်နင်းချလိုက်၏
" အား.....'
အသံကအကျယ်ကြီးမို့ အိမ်ထဲကလူတွေထွက်လာကြသည်
"ဟယ်...သားနေ ဘာဖြစ်တာလဲ'
" ဒီမှာ သူခိုးမိထားလို့ ဖွား'
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
