❄️part-11❄️

5.6K 76 2
                                        

ဒုတိယ်အကြိမ်ပြန်ချစ်ခွင့် (အပိုင်း-၁၁)

မနက်ထမင်းဝိုင်းမှာ ချစ်ဖူးကအမေကို‌ပြောပြ
သည်

" အမေ ကျောင်းပိတ်ရက် အဖွားတို့စီသွား
လည်ရင် သမီးသူငယ်ချင်းတွေကို ခေါ်လို့ရလားဟင်'

" ဘယ်ကသူငယ်ချင်းတွေလဲ သမီးကြီး'
" ဟိုလေးယောက်လေ အမေ'

" အော် ဟို သမီးသူငယ်ချင်းယောက်ကျားလေး
လေးယောက်လား'

" ဟုတ်တယ် အမေ'
" ကောင်းတာပေါ့ အမေတို့လဲ အဖော်ရတာပေါ့'

" ဟုတ်ကဲ့..အမေ...ဘယ်နေ့လောက်သွားကြ
မှာလဲ'

" သမီးတို့ စာမေးပွဲပြီးတာနဲ့ ချက်ချင်းသွား
မယ်လေ'

" ချက်ချင်းလား အမေ အဲ့ဆိုခရီးပန်းမှာပေါ့'
" ဟုတ်တယ် သမီးကြီး စာမေးပွဲက ၁၀ နာရီ
ပြီးမယ်မလား ၃နာရီလောက်သွားမယ်လေအဲ့
ကြမှ ဟိုကိုမနက်အစောရောက်မှာ'

"အဲ့တာဆို သမီး ဟိုလေးယောက်ပြန်ပြော
လိုက်မယ်နော် အမေ'

" အေ့ပါ သမီးကြီး'

ချစ်ဖူးနဲ့နှင်းစက်ထမင်းစား ဘုရာရှစ်ခိုးပြီး
ကျောင်းကိုလာခဲ့တော့သည် ကျောင်းထဲ
ရောက်တော့ ဟိုလေးယောက်ကိုလိုက်ရှာတာ
အခုထိမတွေ့ရသေးဘူး ဘယ်တွေရောက်နေ
မှန်းလဲမသိဘူး ဖုန်းခေါ်တော့လဲ မကိုင်ကြဘူး
နာရီဝက်လောက်ရှာပြီးတော့ တွေ့ပါပြီ မသာ
တွေက ကျောင်းထဲမှာရှာမတွေ့တာမဟုတ်ပဲ
အခုမှကျောင်းလာတာ

" ရှာလိုက်ရတာပဲဟယ် နင်တို့ကအခုမှလာတာ
လား'

" ဟုတ်တယ် နှင်းစက်ရေ ဒီပြည့်စုံဆိုတဲ့ မသာ
အိပ်ယာထနောက်ကြလို့လေ'

" နင်နော် ထူးအောင် ငါရည်းစားကို မဆဲနဲ့'
" အမလေး အဖြစ်သည်းနေလိုက်ကြတာဟယ်'

ချစ်ဖူး ထိုသို့ပြောတော့ ပြည့်စုံက ချစ်ဖူးကို
ဖက်ပြီး ပါးလေးကိုနမ်းလိုက်တော့သည်

" ဝေါ့......ဖွီး....'

ထင် တို့သုံးယောက် အန်တဲ့အမူရလုပ်ပြီး
နှင်းစက်က ခေါင်းခါ၏ ခြောက်ယောက်သား
ပျော်ပျော်ရွှင်ရွှင်နဲ့ စာမေးပွဲအခန်းထဲဝင်သွား
ကြတော့သည်

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now