❄️part-10❄️

6.8K 73 0
                                        

ဒုတိယအကြိမ်ပြန်ချစ်ခွင် (အပိုင်း- ၁၀)

" ဖူးဒီမှာ မောင်'

သီတင်းကျွတ် စာမေးပွဲဖြေဆိုတာဒီနေ့ဒုတိယ
နေ့ဖြစ်၏

" အမယ်...နင်မောင်ကိုပဲခေါ်တာလား မိချစ်ဖူး
ငါတို့သုံးယောက်ကိုမခေါ်ဘူးပေါ့'

" မဟုတ်ရပါဘူး ထူးအောင်ရယ်'
" နင်က ကက်ကက်လှန် နေရောရော ထူးအောင်
မသိရင်မိန်းမကြနေတာပဲ'

" နှင်းစက် နင်နော်'

နှင်းစက် ထူးအောင်ကို စပြီးပြောင်ပြတော့
သန့်ဇင်က

" ကဲ.....စကားများမနေကြနဲ့ စာပြန်ကြည့်
စာမေးပွဲခန်းဝင်ရမယ်'

!..တောင်...တောင်....တောင်...တောင်!

" သွားကြမယ်.....သံချောင်းခေါက်နေပြီ'

ခြောက်ယောက်လုံး ကိုယ်ဖြေရမဲ့စာမေးပွဲအ
ခန်းထဲဝင်သွားကြတော့ပင် စာမေးပွဲဖြေပြီး
တော့ ခြောက်ယောက်လုံး မုန့်တွေဝယ်ပြီး
ထင် အိမ်မှာစာသွားကျက်ကြသည်

" ဟယ်...လာကြ အန်တီစောက်နေတာ'

ဧည်ခန်းထဲရောက်တော့ ထင် အမေကမုန့်တွေ
လာချပေးသည်

" စားကြနော်... ..သမီးတို့...အားမနာနဲ့'
" ကျွန်တော်တို့ရော...မပါဘူးလား အန်တီ'

" သားတို့က အားနာရမဲ့သူတွေမှမဟုတ်တာ
အမြဲဝင်ထွက်နေတဲ့သူတွေလေ....ဒီကသမီးတို့
ကြ တစ်ခါမှမလာဖူးတော့ အားနာနေမှာဆိုးလို
ပါကွယ်'

ခြောက်ယောက်လုံး အနောက်ခြံထဲက နှင်းဆီ
အဖြူတွေစိုက်ထားတဲ့ ခြံဘေးနားမှာ စာထိုင်
ကျက်နေကြ၏

" ဟေ့ဟျောင်....ဘာကြည့်နေတာလဲ'
" ငါတို့ ထင် အိမ်ခဏခဏလာတာဒီခြံရှိလို့လာ

ထူးအောင်နဲ့ပြည့်စုံပြောနေတာကို လက်ဖက်သုပ်လာပို့တဲ့ ထင် အမေကကြားပြီး

" စိုက်ထားတာမကြာသေးဘူး သားတို့ မင်း
သူငယ်ချင်းဘာစိတ်ကူးပေါက်လဲမသိပါဘူး
နှင်းဆီအဖြူ မျိူးစေ့ တွေဝယ်ပြီးစိုက်တော့
တာပဲ'

ဒေါ်ယဥ်နွယ် ပြန်ထွက်သွားတော့ သုံးယောက်
ရယ်ကြတော့သည်

! ဟား.......ဟား......ဟား.....ဟား....ဟား....!

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now