❄️part-5❄️

7.1K 81 0
                                        

ဒုတိယအကြိမ်ပြန်ချစ်ခွင့် (အပိုင်း- ၅)

ထင် ဒီနေ့အစောကြီးထဖြစ်တယ် ဘာလို့လဲဆို
ဒီနေ့က သူခလေးငယ် အိမ်မှာထမင်းစားဖိတ်
လို့သွားရမဲ့နေ့ဖြစ်တယ် လယ်ကတုံးကြက်သွေးရောင်ကိုဝတ်ဆင်ကာ
ပုဆိုးအမဲရောင်ကိုဝတ်ထားပြီး ပိုက်ဆံအိတ်နဲ့
ကားသော့ကိုကိုင်ကာအောက်ထပ်ဆင်းလာ၏

" ဟယ် သား ဘယ်သွားမို့လဲ '

တစ်ခါမှမဝတ်ဖူးတဲ့လယ်ကတုံးနဲ့ပုဆိုးကိုဝတထားသည်ကို ထင် ဒယ်ဒီနဲ့မာမီမှာ အံသြပြီးမေးရလောက်တဲ့အထိ

" သူငယ်ချင်းတစ်ယောက်အိမ် မာမီ ထမင်းစား
ဖိတ်ထားလို့ သွားမလို့"

" သားသူငယ်ချင်း သုံးယောက်ထဲကတစ်ယော
က်လား"

" မဟုတ်ဘူး မာမီ ဒါကဟိုတစ်လောကမှခင်ကြ
တဲ့သူငယ်ချင်းကောင်မလေးအိမ် သားသွားပြီ
နောက်ကျနေပြီမို့လို့"

ဒေါယဥ်ယဥ်နွယ်နဲ့ဦးမဟာတို့ပါးစပ်အဟောင်း
သားကျန်ကြရသည် တစ်ခါမှသူများအိမ်မှာ
ထမင်းမစားတက်တဲ့သားက အခုတော့ထမင်း
စားဖိတ်လို့သွားမလို့တဲ့ ဒီကြားထဲမိန်းခလေး
အိမ်တဲ့

" ကို ကြားလိုက်လား သားပြောသွားတာကို'

" ကြားလိုက်တယ် မိန်းမ'

ထင် သန့်ဇင်တို့နဲ့ချိန်းထားတဲ့နေရာရောက်
တော့

" အံမယ် ငါကောင်ကြီး ဒီနေ့ လန်းနေပါလားကွ

ထူးအောင်ကပြောတော့

" ပုံမှန်ပါပဲ ထူးအောင်ရယ် မင်းကလဲ'

သူငယ်ချင်းတွေစကား စကားတစ်ပြောပြောနဲ့
ဆည်းဆာတို့အိမ်ရောက်လာကြ၏
အိမ်ရောက်တော့ နှင်းစက်က ပန်းပင်တွေရေ
လောင်းနေပြီး ချစ်ဖူးနဲ့ဆည်းဆာက မီးဖိုခန်း
မှာ မုန့်လုပ်နေသည်

" ဘယ်သူနဲ့ တွေ့ခြင်လို့လဲမသိဘူးရှင့်'

နှင်းစက်ကစလိုက်တော့ထူးအောင်ကပြန်စ၏

" ဒီအိမ် စုန်းနတ်သမီးလေး နှင်းစက်ချစ်ဖူးနဲ့
ဆည်းဆာဆိုတဲ့သူတွေက ထမင်းစားဖိတ်ထား
လို့ ဒီကနတ်သားလေးယောက်ကရောက်လာရ
ခြင်းဖြစ်ပါတယ်'

ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)Where stories live. Discover now