ဒုတိယအကြိမ်ပြန်ချစ်ခွင့် (အပိုင်း- ၁)
တီတီ...တီတီ...တီတီ..(အရေးပေါ်ကားသံ)
"လမ်းဖယ်ပေးပါ....
အရေးပေါ်...nurse တစ်ယောက်ကအော်၍ လူနာကိုICU အခန်းထဲ
ရွှေ့ပေးကြပြီး nurseက ထင်ရှိတဲ့ရုံးခန်းထဲကို ပြေးဝင်လာပြီး
"ဒေါက်တာကင်း အရေးပေါ်
လူနာရောက်လာပါတယ်မြန်မြန်လာပါ
ထင် လဲnurseနောက်ကိုပြေးလိုက်သွားပါတော့
သည် လူနာကိုကြည့်တော့ မှန်စတွေက မျက်လုံးတွေမှာရော ရင်ဘက်တွေမှာပါထိုးစိုက်နေသည်
"ဘာဖြစ်လာတာလဲ
"ကားတိုက်ခံရတာပါဒေါက်တာ အခြေနေတော်တော်ဆိုးပါတယ်
"ခွဲစိတ်ဖို့လုပ်
"ဟုတ်ကဲ့ပါ
" အားလုံးအဆင်သင့်ပြင်
ထင်ပြော
လိုက်တော့ ခွဲခန်းထဲမှာရှိတဲ့သူတွေအကုန်လုံး
ကိုယ်တာဝန်ကိုယူရတော့သည်
ထင်လဲ အရင်ဆုံး မှန်စတွေကိုဆွဲထုတ်ရ၏
ရင်ဘက်ကမှန်စတွေကိုရော အကုန်ဆွဲထုတ်ပြစ်ပြီး အကြီးဆုံးမှန်စကို ဆွဲထုတ်ပြစ်လိုက်တော့
တီ......တီ.....တီ...တီ....
"ဒေါက်တာ နှလုံးခုန်နှူန်းကျသွားပါပြီ
ထင်လဲ အမြန်ရင်ဘက်ကိုဖီပြီး လူနာအသက်
ကယ်ရတော့သည် နာရီဝက်လောက်ကြာတော့
နှလုံးပြန်ခုန်လာသည် အခုမှပဲအကုန်လုံးသက်ပျင်းချနိုင်ကြ၏
"ဟူး
နောက်ထပ်၂နာရီလောက်ကြာတော့ icuတံခါးပွင့်လာပြီး
"ဒေါက်တာ ကျွန်မယောက်ကျား းအခြေနေ
ဘယ်လိုနေလဲဟင်
" လူနာကရောက်လာတုန်း
ကအခြေနေတော်တော်ဆိုးပါတယ် မှန်စတွေ
ကအကုန်းလုံးကိုစိုက်ဝင်နေတော့ တော်တော်
ကြီးဆွဲထုတ်လိုက်ရပြီး မှန်စတစ်ခုက နှလုံးကို
ရှပ်ထိမိသွားတယ် အများကြီးမထိမိတဲ့အ
တွက် အသက်ရှင်ပါတယ် ပြီးရင်လူနာကိုဝင်
တွေ့လို့ရပါပြီ
"ကျေးဇူတင်ပါတယ် ဒေါက်တာရယ်
ထင် လူနာရှင်တွေကိုနူတ်ဆက်ပြီး ရုံခန်းပြန်
ဝင်လာပြီး လက်တွေသန့်ရှင်းလုပ်လိုက်ပြီး
ဆိုဖာပေါ်ထိုင်လိုက်ကာ မျက်လုံးတွေမှိတ်ချလိုက်သည် မျက်လုံးမှိတ်
လိုက်တာနဲ့ သူ(မ)ပုံရိပ်လေးတွေကအတွေးထဲပေါ်လာပြန်၏
YOU ARE READING
ဒုတိယအကြိမ်ပြန်ချစ်ခွင့် 💢 (Complete)
Fantasy" တစ်နေ့မှမေ့မရပါဘူးကလေးငယ်.... ကိုယ်ဒီလောက်ချစ်ပေးခဲ့တာတောင့် မင်းတို့ လုပ်ရက်ခဲ့ကြတယ်" ထင်မဟာနွယ် & ချစ်ဆည်းဆာ 💢🎀 3.7.2025 5.9.2025
