Chapter 1{Uni + Zawgyi}

127K 529 17
                                        

ချက်လက်မှတ်ကလေးချစ်သက်သေတည်

part 1

မော်ကွန်းသော် ချစ်ချစ်အက္ခရာ

"ချစ်ချစ်အက္ခရာ... ချစ်ချစ်အက္ခရာ"

ချစ်ချစ် ပန်းကန်တွေဆေးနေတုန်း ချစ်ချစ် သူငယ်ချင်းမလေးက အလန့်တကြားအော်ခေါ်နေတာကြောင့် ချစ်ချစ် ပန်းကန်ဆေးလက်စအား လက်စသတ်ပီး

"ဘာလဲ အမြဲတမ်းအလန့်တကြားနဲ့ ဝင့်ဝင့်ရယ်"

ဝင့် သူငယ်ချင်းမလေးက လက်သုတ်ရင်း စိတ်ရှုပ်ဟန်ပြောလာတာကြောင့် သက်ပြင်းချလိုက်ရင်း

"နင့်... နင့် ဦးရဲ့ အမေရောက်နေတယ်အိမ်ရှေ့မှာ မျက်မှန်ကြီးနဲ့ဟယ်"

"ဘာလာလုပ်တာလဲ အဲ့အန်တီကြီးက ဦးကိုမျှော်နေပါတယ်ဆိုနေမှ"

"ဟဲ့ အဲ့တာနင့်အမေဖြစ်လာမဲ့ဟာဘဲလေ မြန်မြန်ထွက်တွေ့လိုက်ငါပန်းကန်ဆေးထားလိုက်မယ်"

"မသွားချင်ပါဘူး"

"သွားပါဆိုနေမှသွား သွား"

ချစ်ချစ် ကို ဝင့် ကအတင်းတွန်းထုတ်နေတာကြောင့် ချစ်ချစ် ဦးရဲ့အမေကိုမတွေ့ချင်တွေ့ချင်နဲ့ထွက်လာခဲ့လိုက်ရသည် ။ အန်တီကြီး ကချစ်ချစ်ကိုမြင်တာနဲ့မျက်မှန်အားချွတ်ကာ

"မင်းက ချစ်ချစ်အက္ခရာ ဆိုတာလား"

"ဟုတ်တယ် ချစ်ချစ်အက္ခရာဆိုတာ ချစ်ချစ်ဘဲ"

ဒေါ်သော်တာအေး သူ့အားလေးစားမှုမရှိဘဲ နာမည်အားဂုဏ်ယူဝင့်ကြွားစွာပြောလာသည့် ရှေ့ရှိကလေးမလေးကြောင့် နှာခေါင်းရှုံ့မိသွားကာ

"သားမော်ကွန်း နဲ့ဘယ်လိုပတ်သက်လဲ"

"ရည်းစားတွေလေ ဦး က ချစ်ချစ် ရဲ့ရည်းစာလေ ဘာဖြစ်လို့လဲ"

"ဒါဆို ဒီချက်လက်မှတ်ယူပီး တို့သားနားကထွက်သွား"

အန်တီကြီးကမ်းပေးလာသည့် ချက်လက်မှတ်အားယူကြည့်လိုက်တော့ နဲနဲနည်းသေးတာနဲ့

"နဲသေးတယ်အန်တီ သိန်း ၁၀၀၀ ကျော်လေးနဲ့ချစ်ချစ်ကဘာသွားလုပ်စားရမှာလဲ သုညနှစ်လုံးတိုးပေး"

ချက်လက်မှတ်ကလေး ချစ်သက်သေတည်{Completed}Where stories live. Discover now