[ဒီ fic လေးက ငလျင်ဖြစ်တုန်းက donation project အတွက်ပါဝင်ပေးဖြစ်တုန်းကရေးပေးခဲ့တဲ့ fic လေးပါ။ ကြာလည်းကြာပြီမို့တင်ပေးလိုက်ပါတယ်။ author update ဖို့ပြန်လာပါပြီရှင်။ သဘောကျတယ်ဆို extra ပါရေးပေးပါမယ်><]
The ring I never meant to wear。𖦹°‧⭑.ᐟ
"သားသည်းမခံနိုင်တော့ဘူး မာမီတို့ပေးစားနေတဲ့အဲ့လူကြီးက အကျင့်မကောင်းဘူး မာမီအဲ့လူကြီးကလူကြားထဲလဲမရှောင်ဘူး"
"ဘာမရှောင်တာလဲသားရဲ့"
"အဲ့လူကြီးက အဲ့လူကြီးကဗျာ..."
သူဘယ်လိုပြောရမလဲ။ အဲ့လူကြီးကလူကြားထဲလဲသူ့ကိုဖက်နမ်းပါတယ်လို့။
မက်သရူးရဲ့အသက်၂၃ နှစ်မှာသူ့ထက် ၇ နှစ်ကြီးတဲ့လူကြီးနဲ့လက်ထပ်ရမယ်တဲ့။ အဲ့အထိထားဦးတော့ သူလက်ခံလိုက်တယ်.... အမ်း အဲ့လူကြီးကိုတွေ့ရသလောက်ရုပ်လဲချောပြီးဘာနာမည်ပျက်မှလဲမရှိဘူးလေ။
ဒါပေမယ့် ပထမဆုံးတွေ့ဆုံမှုမှာတင် သူအဲ့လူကြီးကိုမယူချင်တော့ဘူး။ အကြောင်းက လုံးဝကိုရူးနေတဲ့ဆိုက်ကိုကောင်ကြီးလိုဘဲဲ။
"လက်ထပ်ပြီးရင် ကိုယ့်အတွက်ဆောင်းမျိုးဆက်တွေကိုမင်းမွေးပေးရမယ်"
"အဟွတ် အဟွတ်... ဗျာ?"
အဲ့နေ့က မာမီကသူနဲ့လက်ထပ်မယ့် အဲဲ့လူကြီးနဲ့တွေ့ဖို့သွားခိုင်းတယ်။ ပေါ့ပေါ့ပါးပါးပါဘဲသူလဲသွားလိုက်တယ်။ ညစာစားပြီးစကားပြော မိတ်ဆက်ရုံပေါ့ဆိုပြီးသွားလိုက်တာ ဟိုလူကြီးက ဝင််လာတည်းက လက်ထဲက iPadကိုမချ၊ ဘေးမှာသူ့အတွင်းရေးမှူးလဲပါတယ် လူကိုလာတွေ့တာတောင်အလုပ်လုပ်လို့မပျက်ဘူး။
အာ မက်သရူးရဲ့ မေမေက single mother လေ။ ငယ်ငယ်တတည်းက မက်သရူးနဲ့မမကို မေမေကဘဲစောင့်ရှောက်လာတာ။ မေမေက အဲ့ ဆောင်းဂရုရဲ့ပိုင်ရှင်ဘွားဘွားရဲ့အတွင်းရေးမှူးအဖြစ်နဲ့ ၁၁ နှစ်တောင်အလုပ်လုပ်တာ။
ဘာသဘောနဲ့လဲမသိဘူး အဲ့ဘွားဘွားက သူ့ရဲ့တစ်ဦးတည်းသောမြေးနဲ့ မက်သရူးကိုနေရာချထားပေးချင်တယ်တဲ့လေ။ ကျေးဇူးရှင်ဖြစ်နေတော့ မာမီက မငြင်းနိုင်ဘူးဆိုတာလဲသိတော့ မက်သရူးလဲလက်ခံလိုက်တာ။
YOU ARE READING
The Ring I Never Meant To Wear
Fanfiction[မက်သရူးရဲ့အသက်၂၃ နှစ်မှာသူ့ထက် ၇ နှစ်ကြီးတဲ့လူကြီးနဲ့လက်ထပ်ရမယ်တဲ့?] Sung Hanbin X Seok Matthew // one short
