🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 51ဘိုးဘိုးက မြစ်ကလေးရတော့မည်ဆိုတော့ တော်တော် ပျော်နေကာ သူ့ကိုပါ ဝင်ခေါ်ဆိုပြီး လုပ်နေလေသည်..အဲဒီလို ခဏဝင်ခေါ်ဖို့ကိုတောင် သူ့မှာ အချိန်မပေးချင် ..နောက်နေ့မှ လိုက်လာကြတော့ ဆိုပြီး ထားခဲ့ကာ ZC ကနေ တန်းပြီး ကဝ ကိုမနားတမ်း မောင်းခဲ့လိုက်တော့သည်...
ကိုးကလေးက ကိုယ်ဝန် ရှိနေပြီတဲ့လား...
သူ့ရဲ့ အိမ်က ကလေးလေးက သူ့ရင်သွေးလေးကို လွယ်ထားရပြီတဲ့လား....
Protection လေး တစ်ခါမလုပ်မိတာနဲ့ ချက်ချင်း ရောက်လာတဲ့ baby လေးဟာ ဒီဖေဖေနဲ့မေမေဆီ ဘယ်လောက်တောင်များ လာချင်နေလဲမသိ....ပျော်လွန်းလို့ လူက မြှောက်ကြွကြွ ဖြစ်နေပေမယ့် အခု နယ်မှာ သူ့မျက်စိကွယ်ရာမှာ တာဝန်ကျနေတဲ့ ကိုးကလေးကို ကိုယ်ဝန်ကြီးနဲ့ဆိုတော့ သူက ဘယ်လိုလုပ်ပြီး စိတ်ချ လက်ချ ထားနိုင်မှာလဲ....အတွေးပေါင်း သောင်းခြောက်ထောင်နှင့် မောင်းလာခဲ့သော ကားဟာ ည၇နာရီကျော်လောက်မှာ ပဲခူးမြို့သို့ ဝင်လာခဲ့သည်....
သူသည် ကိုးရဲ့အိမ်သို့ ရောက်သွားချိန်တွင် ခြံဝင်းထဲတွင် မီးလုံးလေး ထွန်းထားလေသည်....
"မောင်လေး ရောက်လာပြီပဲ "
"ဟုတ်ကဲ့ အစ်မ ကိုးရော "
"သိပ်တော့ နေမကောင်းဘူး အခန်းထဲမှာ လှဲနေတယ်"
သူချက်ချင်း အခန်းထဲကို ပြေးဝင်သွားတော့ ကိုးက ခွေခွေလေး အိပ်နေလေသည်....
ကိုးအိပ်နေတဲ့ မွေ့ရာပေါ်မှာ တိုးကပ် ဝင်ထိုင်လိုက်ပြီး ကိုးမျက်နှာလေးကို အနီးကပ်ကြည့်လိုက်တော့ သူမလာဖြစ်တဲ့ ဒီနှစ်ပတ်အတွင်းမှာ မျက်နှာလေးက အတော်လေးကို ချောင်ကျသွားရှာလေသည်...
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာတာကြောင့် မနိုးသွားစေရန် သူလှုပ်ရှားမှုတွေကို ညင်ညင်သာသာလေး ပြုလုပ်ပြီး နဖူးပေါ် ကို ခပ်ဖွဖွ အနမ်းလေး ခြွေလိုက်လေသည်....
"ငါ့မိန်းမလေး သနားပါတယ် "
အခန်းထဲက ပြန်ထွက်လာပြီး အပြင်က Nurse အစ်မကို ကိုးရဲ့ အခြေအနေကို မေးမြန်းရသည်...

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025