Part _49

36.2K 1.5K 98
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 49

ပြေပြစ်ဂုဏ်ရောင်တို့အိမ်တွင် ဒီနေ့ လူစုံတက်စုံဖြင့် နှုတ်ဆက်ပွဲလေး ကျင်းပနေလေသည်...အကြောင်းကတော့ ဘွဲ့ရပြီး သိပ်မကြာ ပိုစတင် ကျလာခဲ့တဲ့ ခင်ခင်ရွယ်ကိုးအတွက် ပွဲလေးတစ်ပွဲကို
ဘိုးဘိုးဦးစံရွှေမောင်က လုပ်ပေးခြင်းဖြစ်သည်...

ပြေပြစ်ဂုဏ်ရောင်ကတော့ မျက်နှာသိပ်မကောင်းလှ မိန်းမနဲ့ ခွဲရမယ်လို့ အစောကြီးတည်းက ကြိုတွက်ထားပြီး ဖြစ်ပေမယ့် အခုလို မြန်မြန်ဆန်ဆန်ကြီး ခွဲနေရမယ့်အပေါ်မှာ သူ့မှာ ပြင်ဆင်ချိန် လုံးဝ မရဘဲ အခက်အခဲ ဖြစ်နေလေသည်...

ရွယ်ကိုး ပိုစတင် ကျလျှင် သူပါ လိုက်နေလို့ရအောင် ကြိုးစားပြီး ပြင်ဆင်နေပေမယ့် အချိန်အနည်းငယ် ရှေ့တိုးသွားတဲ့အပေါ်မှာ သူ့မှာ အခက်အခဲတွေ ရှိနေလေသည်...ဦးမောင်ကလည်း သူ့ကျောင်းနဲ့သူ တီငယ်ကလည်း သူ့သားနှင့်ဘိုးဘိုးအလုပ်...အိမ်မှာက ကိုး သွားလျှင် တီကြီးနဲ့ ဘိုးဘိုးသာ ရှိတော့မည်ဖြစ်သည်...

ဘွားကလည်း ပြီးခဲ့တဲ့ အပတ်ကမှ စစ်ကိုင်းတောင်ပေါ်က ရိပ်သာမှာ တရားသွားအားထုတ်ဖို့သွားတာ သုံးလလောက် ကြာမည်ဖြစ်သည်....သူ့အလုပ်ကလည်း ချဲ့ထွင်လက်စ ဆိုင်ခွဲတွေအပြင် ဒီတလော ငထူးမအားလို့ သူက ဘန်ကောက်ဘက်ကကိစ္စတွေလုပ်ဖို့ ခရီးက ထွက်ရဦးမည်ဖြစ်သည်....

ကိုးကတော့ အားတဲ့အချိန်မှ လာလည်လို့ ပြောပေမယ့် သူက အဲဒီအချိန်အထိ ဘယ်လိုလုပ် နေနိုင်မှာတဲ့လဲ...ဆရာဝန်မလေးကို မိန်းမတော်ထားတော့လည်း ဒါမျိုးတွေကို သည်းခံတတ်ရမည်ဟု အမျိုးတွေကတော့ ဆုံးမပါသည်...ကိုးကလေး ရန်ကုန်က ဆေးရုံမှာ ပြန်ကျဖို့ သူအများကြီး ကြိုးစားရမည်..ပြီးတော့ ကိုးကလေးကို ဆေးခန်းလည်း ဖွင့်ပေးရမည်....

လူက အုပ်စုတောင့်တော့ စားဖို့သောက်ဖို့လည်း အများကြီး ပြင်ဆင်ကြရသည်...

ပြေပြစ်ဂုဏ်ရောင်ရဲ့ ပခုံးကို သန့်သီဟနောင်က ဖက်လိုက်ရင်း...

"ပြုံးထားစမ်းပါကွာ မင်းကလည်း "

"ကိုသီဟကျတော့ရော ခင်ဗျားမိန်းမနဲ့ ခွဲနိုင်တာကျနေတာပဲ "

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now