Uni
နက်ရှိုင်းအောင် ငုဝါမောင်မောင်အား ခုတင်တွင်ထိုင်စေကာ ရေပေးတိုက်လိုက်ရသည်။
ချော့မော့ကာ လျှို့ဝှက်ခန်းထဲမှ အပြင်သို့ထုတ်လာလိုက်သော်လည်း အငိုကမတိတ်သေးပေ။" ငုဝါမောင်မောင် တိတ်တော့လို့ပြောနေတယ်လေ "
ခုတင်ပေါ်တွင်ထိုင်နေသည့်လူရှေ့တွင် ဒူးထောက်ထိုင်လိုက်ကာ အရှေ့သို့ကျနေသည့် ပန်းနုရောင်ဆံပင်တို့အား နားနောက်သို့ သပ်ပေးကာပြောလိုက်မိသည်။
" ငါ...ငါလေ "
" အင်း ပြောပါအုံး ဒီကမင်းယောက်ျားကို"
ရှိုက်သံလေးတို့ကြောင့် စကားမဆက်နိုင်တော့သူလေးအား မေးလေးထိုးပြကာ မေးလိုက်မိသည်။ ထို့ပြင် ထိုကလေးလေး၏ တုန်ရင်အေးစက်နေသော လက်တစ်စုံကိုလည်း မိမိဘက်ဖဝါးကြီးကြီးထဲသို့ထည့်ကာ အပူပေးစေလိုက်သည်။
" ငါမင်းကို ဟင့် အရမ်းချစ်တယ် "
" မောင်လည်းမင်းကိုချစ်တယ်လေအမျိုးသားလေးရဲ့ "
" မင်းကိုမြတ်နိုးမိတယ် "
" မင်းတောင်မောင့်ကို ဒီလောက်မြတ်နိုးနေရင် စချစ်မိခဲ့တဲ့မောင်က ဘယ်လောက်များမင်းကို မြတ်နိုးတန်ဖိုးထားမိမလဲ စဥ်းစားကြည့်စမ်းပါအုံးကွာ "
ထိုအခါ ချစ်ရသူလေးက ဘာမှမပြောတော့ဘဲ မိမိအားဖက်လာတော့သည်။
" တိတ်ပါတော့အချစ်ရယ် အဲ့မျက်ရည်တွေမကျနဲ့တော့နော် မောင့်ကိုသနားရင် ပြုံးပြပါအုံး"
နက်ရှိုင်းအောင်၏စကားအဆုံးတွင် ချက်ချင်းပင် မိမိနှင့်မျက်နှာချင်းဆိုင်လာကာ ပြုံးပြလာတော့သည်။
ထိုအပြုံးကသာမှန်အပြုံးတော့မဟုတ်ပေ။ နက်ရှိုင်းအောင်ဆိုသည့် မိမိအား အကြိမ်ကြိမ်သေစေနိုင်သည့် အပြုံးလေးပင်။
" မောင် မင်းကိုနောက်တစ်ခုပြစရာရှိသေးတယ် ပြစရာဆိုတာထက် ပြောစရာပေါ့ "
" အင်း ဘာပြောမှာလဲဟင် "
ငုဝါမောင်မောင် သိချင်စိတ်ဖြင့် မျက်လုံးဝိုင်းဝိုင်းလေးများနှင့်ကြည့်ကာ မေးလိုက်မိသည်။
