🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 48ကားထဲဝင်လိုက်တာနဲ့ နွမ်းဖတ်နေတဲ့ မျက်နှာလေးကို ကြည့်ကာ ပြေပြစ်ဂုဏ်ရောင်တစ်ယောက် စိုးရိမ်သွားရလေသည်...
"ကိုး အရမ်းပင်ပန်းလို့လား နေမကောင်းဘူးလား "
ပါးစပ်ကအပြောနဲ့ အတူတူ လက်ကလည်း နဖူးပေါ်တင်ကာ စမ်းပြီးသား ဖြစ်သည်....
ကိုးက သူ့လက်ကလေးကို ပြန်ဆုပ်ကိုင်လာပြီး သူ့ပခုံးပေါ်ကို မှီနွှဲ့လာတော့ အလိုက်သင့်လေး ထွေးဖက်ထားလိုက်သည်...
"ပင်ပန်းတာက အခုမှ မဟုတ်တာ ရိုးနေပြီ"
"ဘာဖြစ်လို့လဲ အလောင်း ခွဲရပြန်ပြီလား "
အလောင်းတွေ ရင်ခွဲရတဲ့တွေနေ့ဆို ကိုးက ဖော်မလင်အနံ့တွေ နှာခေါင်းထဲ စွဲလာသည်ဟုဆိုကာ အိမ်ရောက်ရင် ဘာမှမစားနိုင်အောင် ဖြစ်လေတော့သည်...
ထိုရက်တွေဆိုလျှင် ပြေပြစ်ကဘဲ သူ့ဇနီးငယ်ငယ်လေးကို အစား မဝင်ဝင်အောင် ကြိုးစားပြီး ချော့မော့ကျွေးရလေသည်...
Final Part 2 ရောက်လာပြီဆိုတော့ ဆေးရုံမှာ အချိန်ပိုများသည်...."ဘာဖြစ်လဲကိုး အိမ်ကယောက်ျားကို မပြောလို့ ဘယ်သူ့ကို ပြောပြချင်သေးလို့လဲ "
"Pre bloc ကာလမှာ အစုံသင်ရပြီကိုကြီး ဒီနေ့ OG Ward ကိုရောက်တော့ လက်တွေ့ဆင်းရတယ်..."
"အင်း "
"ကိုယ်ဝန်ဆောင်အစ်မတစ်ယောက်ကို ခင်ခင် စမ်းသပ်ပေးရတယ် ပြီးတော့ Notes ရေးရတယ်"
"အင်း အဲဒီတော့ ..."
ပြေပြစ်ဂုဏ်ရောင်က အလိုက်သင့်မေးပြီး ဇနီးဖြစ်သူရဲ့ မျက်နှာပေါ်ကျနေတဲ့ ဆံနွယ်လေးတွေကို တယုတယ သပ်တင်ပေးလိုက်သည်...
"ကလေးလေးက မလှုပ်တော့ဘူးကိုကြီး "
"ဟင်"
"ခင်ခင် Stetho နဲ့ check တာလေ ကလေးရဲ့ နှလုံးခုန်သံ မကြားရဘူး "
"ဟာ .....အဲဒီ....အဲဒီတော့ "
"ခင်ခင်လေ check နေရင်း ခင်ခင့်အထင် မမှန်ပါစေနဲ့လို့ ရင်ထဲ ဆုတောင်းနေတာသိလား....သူက OG Wardမှာ ခင်ခင်ရဲ့ ပထမဆုံးလူနာလေ "

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025